ပိုက်ဆံပျောက်သည့်ကိစ္စအား မကျေနပ်သဖြင့် ဓါးဖြင့်ထိုးရာမှ အထိုးခံရသူ သေဆုံး
ဇွန်(၁၅) AlinnMyay(အလင်းမြေ)
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ တွင်ဇွန်၁၄ရက်ည ရနာရီဝန်းကျင်အချိန်ခန့်ကလူသတ်မှုဖြစ်ပွားကြောင်းပဲနွယ်ကုန်းနယ်မြေရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ ပဲနွယ်ကုန်းမြို့ သံမဏိရပ်ကွက်(၆)လမ်းတွင်နေထိုင်သည့်မအေးသန္တာ၏ ခင်ပွန်းဖြစ်သူတင်မျိုးဦး(ခ)ဖိုးတုတ်မှာ နံနက်ခင်းအလုပ်သွားရာမှ ပြန်မရောက်လာသေးသဖြင့် လိုက်လံရှာဖွေရာ သံမဏိရပ်ကွက်(၅)လမ်းတွင် သေဆုံးနေ ကြောင်းတွေရှိရပြီးသေဆုံးသူ တင်မျိုးဦး(ခ)ဖိုးတုတ် နှင့် မသင်းယုလိူင် သံမဏိရပ်ကွက်(၅)လမ်းပဲနွယ်ကုန်းမြို့ နေသူတို့သည် ပိုက်ဆံပျောက်သည့်ကိစ္စအားမကျေမနပ်ဖြစ်ကာ မသင်းယုလိူင်မှ အဲ့ဒီကောင်ကိုသေအောင်သတ်ဟု အော်ပြီး ဇေယျာမင်း(၄၀)နှစ် သံမဏိရပ်ကွက်(၅)လမ်း ပဲနွယ်ကုန်းမြို့နေသူမှ ဓါးဖြစ်ထိုးရာ တင်မျိုးဦး(ခ)ဖိုးတုတ် မှာရရှိဒဏ်ရာဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး တရားခံဇေယျာမင်းမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ပဲနွယ်ကုန်း နယ်မြေစခန်းမှူး ရဲအုပ်မင်းဇော်နှင့်တပ်ဖွဲ့ဝင်များမှလိုက်လံဖမ်းဆီးရာတရားခံဇေယျာမင်းအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ဇနီးဖြစ်သူ မအေးသန္တာမှတရားလိုပြုလုပ် တိုင်တန်းလာသဖြင့် ဇေယျာမင်းနှင့်မသင်းယုလှိုင်တို့နှစ်ဦးအားပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ(ပ)၁၄၀/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ၃၀၂/၁၁၄ အရအမှု့ဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်းသိရသည်။
ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ