ရွာသားများ လမ်းသန့်ရှင်းရေးလုပ်ရာမှ ရွာလယ်က ညောင်ပင်တွင် ရှေးဟောင်း ဗုံးသီး (၂)လုံး တွေ့ရှိ

1099

ရွာသားများ လမ်းသန့်ရှင်းရေးလုပ်ရာမှ ရွာလယ်က ညောင်ပင်တွင် ရှေးဟောင်း ဗုံးသီး (၂)လုံး တွေ့ရှိ

ဇွန်(၁၂) AlinnMyay(အလင်းမြေ)

ရွာအလယ်ရှိ ညောင်ပင်ကြီးတွင် မြိုထားသော ဗုံးသီး ( ၂ )နှစ်လုံးအား တွေ့ရှိခဲ့ကြောင်း ဇွန် ၁၂ ရက်နေ့က ကျေးရွာသားများထံမှ သိရသည် ။

တောင်ငူမြို့ ၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု ၊ အလယ်မြောင်ကျေးရွာရှိ ရွာလယ်ညောင်ပင်ကြီးတွင် ဗုံးသီး ၂လုံးအား ယမန်နေ့က ကျေးရွာသားများ လမ်းသန့်ရှင်းရေးပြုလုပ်စဉ် အဆိုပါ ညောင်ပင်ကြီးတွင် ရှေးဟောင် ဗုံးသီး ၂လုံးတွေ့ရှိခဲ့တာလည်းဖြစ်သည် ။

” ရှေးဟောင်း ဗုံးသီး ( ၂ )လုံးအား လမ်းသန့်ရှင်းရေးပြုလုပ်စဉ် တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ် ၊ ဗုံးသီးတွေက ဟောင်းနေပါပြီ ညောင်ပင်နဲ့ အနည်းငယ်မြိုထားသည့်အတွက် ရှင်းလင်းဖို့ အခက်အခဲ ဖြစ်နေကြပါတယ် “ဟု အဆိုပါ ကျေးရွာသားတစ်ဦးက ဆိုသည် ။

အဆိုပါ ရှေးဟောင်း ဗုံးသီး ( ၂ )လုံး နှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားကာ ရှင်းလင်းသွားများမည်လို့လဲ အဆိုပါ ကျေးရွာသားများထံမှ သိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here