၂လုံးထီ၊ ၃လုံးထီ၊ ဘောလုံး လောင်းကစားနေသူများအား ဖမ်းဆီး

1021

၂လုံးထီ၊ ၃လုံးထီ၊ ဘောလုံး လောင်းကစားနေသူများအား ဖမ်းဆီး

ဇွန်(၁၀) AlinnMyay(အလင်းမြေ)

တောင်ငူမြို့ နယ် ၊ ဒိုးသောင်ကျေးရွာအုပ်စု ၊ ညောင်ပင်လှကျေးရွာတွင် ၂လုံးထီ ၊ ၃ လုံးထီ ၊ ဘောလုံးလောင်းကစားနေသူများအား ဒီကနေ့ ဇွန် ၁၁ ရက် ညနေပိုင်းက တောင်ငူမြို့ နယ် ထုံးဘို ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် အဖွဲ့မှ ဖမ်းဆီးခဲ့ကြတာလည်းဖြစ်သည် ။

ညောင်ပင်လှကျေးရွာနေ မသီ( ခ) မသီတာ၏ နေအိမ်တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ထုံးဘိုရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲသူရ နှင့်အဖွဲ့ မှ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့တာလည်းဖြစ်သည် ။

ယင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အိမ်ရှင် မသီ( ခ ) မသီတာအား တွေ့ရှိခြင်းမရှိဘဲ ၄င်း၏ အစ်မဖြစ်သူ မခင်တိုးကြည် ( ၅၀ )နှစ် နှင့် မခင်ထားဦး ( ၅၅ )နှစ်တို့အား နေအိမ်ဘုရားစင်ရှေ့ ကွပ်ပြစ်ပေါ်ရှိ စားပွဲခုံတွင် ၂လုံးထီရောင်းချနေကြောင်း တွေ့ရှိခဲ့သည်ဟု ရဲ မှတ်တမ်းများအရ သိရသည် ။

ဆက်လက်ရှာဖွေခဲ့ရာ အဆိုပါ စားပွဲပေါ်တွင် ၂လုံးထီ ၊ ၃လုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတန်းများ ၊ ဆက်စပ်ပစ္စည်းများ ၊ ငွေ ၁၃၈၅၀ ကျပ် တို့အား သက်သေများနှင့်အတူ သိမ်းဆည်းခဲ့ကြကြောင်းသိရသည် ။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မခင်တိုကြည် ၊ မခင်ထားဦး တို့ ( ၂ )ဦးနှင့် ၂လုံး ၊ ၃ လုံး ၊ ဘောလုံး လောင်းကစားဒိုင်အဖြစ် ကျော်ဇောသတင်းရှိပြီး ထွက်ပြေး တိမ်းရှောင်နေသော မသီ ( ခ ) မသီတာ တို့အား တောင်ငူမြို့ နယ် ထုံးဘို ရဲစခန်းတွင် လောင်းကစား ဥပဒေ ပုဒ်မဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

(Zawgyi)

၂လုံးထီ၊ ၃လုံးထီ၊ ေဘာလုံး ေလာင္းကစားေနသူမ်ားအား ဖမ္းဆီး

ဇြန္(၁၁) AlinnMyay(အလင္းေျမ)

ေတာင္ငူၿမိဳ႕ နယ္ ၊ ဒိုးေသာင္ေက်းရြာအုပ္စု ၊ ေညာင္ပင္လွေက်းရြာတြင္ ၂လုံးထီ ၊ ၃ လုံးထီ ၊ ေဘာလုံးေလာင္းကစားေနသူမ်ားအား ဒီကေန႔ ဇြန္ ၁၁ ရက္ ညေနပိုင္းက ေတာင္ငူၿမိဳ႕ နယ္ ထုံးဘို ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ႏွင့္ အဖြဲ႕မွ ဖမ္းဆီးခဲ့ၾကတာလည္းျဖစ္သည္ ။

ေညာင္ပင္လွေက်းရြာေန မသီ( ခ) မသီတာ၏ ေနအိမ္တြင္ ေလာင္းကစားျပဳလုပ္ေနေၾကာင္း သတင္းအရ ထုံးဘိုရဲစခန္း နယ္ထိန္းေခါင္းေဆာင္ ရဲသူရ ႏွင့္အဖြဲ႕ မွ သက္ေသမ်ားႏွင့္အတူ ဝင္ေရာက္ရွာေဖြခဲ့တာလည္းျဖစ္သည္ ။

ယင္းသို႔ ဝင္ေရာက္ရွာေဖြခဲ့ရာ အိမ္ရွင္ မသီ( ခ ) မသီတာအား ေတြ႕ရွိျခင္းမရွိဘဲ ၄င္း၏ အစ္မျဖစ္သူ မခင္တိုးၾကည္ ( ၅၀ )ႏွစ္ ႏွင့္ မခင္ထားဦး ( ၅၅ )ႏွစ္တို႔အား ေနအိမ္ဘုရားစင္ေရွ႕ ကြပ္ျပစ္ေပၚရွိ စားပြဲခုံတြင္ ၂လုံးထီေရာင္းခ်ေနေၾကာင္း ေတြ႕ရွိခဲ့သည္ဟု ရဲ မွတ္တမ္းမ်ားအရ သိရသည္ ။

ဆက္လက္ရွာေဖြခဲ့ရာ အဆိုပါ စားပြဲေပၚတြင္ ၂လုံးထီ ၊ ၃လုံးထီ ေလာင္းကစား ျပဳလုပ္ရာတြင္ အသုံးျပဳေသာ စာရြက္စာတန္းမ်ား ၊ ဆက္စပ္ပစၥည္းမ်ား ၊ ေငြ ၁၃၈၅၀ က်ပ္ တို႔အား သက္ေသမ်ားႏွင့္အတူ သိမ္းဆည္းခဲ့ၾကေၾကာင္းသိရသည္ ။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး မခင္တိုၾကည္ ၊ မခင္ထားဦး တို႔ ( ၂ )ဦးႏွင့္ ၂လုံး ၊ ၃ လုံး ၊ ေဘာလုံး ေလာင္းကစားဒိုင္အျဖစ္ ေက်ာ္ေဇာသတင္းရွိၿပီး ထြက္ေျပး တိမ္းေရွာင္ေနေသာ မသီ ( ခ ) မသီတာ တို႔အား ေတာင္ငူၿမိဳ႕ နယ္ ထုံးဘို ရဲစခန္းတြင္ ေလာင္းကစား ဥပေဒ ပုဒ္မျဖင့္ အမႈေရးဖြင့္ ေဆာင္ရြက္ထားေၾကာင္းသိရသည္ ။

ေနလင္းေအာင္(ေတာင္ငူ) #AlinnMyay(အလင္းေျမ) #ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here