ကြက်ဝိုင်းအား ဝင်ရောက် ဖမ်းဆီးရာ တိုက်ကြက်ဖ ၁ ကောင်သာ ဖမ်းမိ

974

ကြက်ဝိုင်းအား ဝင်ရောက် ဖမ်းဆီးရာ တိုက်ကြက်ဖ ၁ ကောင်သာ ဖမ်းမိ

ဇွန် (၁၀) AlinnMyay( အလင်းမြေ )

ကြက်တိုက် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရတာဝန်ရှိသူများသည် သက်သေများနှင့်အတူ ဇွန်လ ၁၀ ရက် မွန်းလွဲပိုင်းက ကြက်တိုက်လောင်းကစားပြုလုပ်နေသည့် နေရာသို့ သွားရောက် ဖမ်းဆီးခဲ့ကြကြောင်းသိရသည် ။

အဆိုပါ ကြက်တိုက် လောင်းကစားပြုလုပ်နေသည့် ကြက်ဝိုင်းသည် တောင်ငူခရိုင် ၊ အုတ်တွင်းမြို့ နယ် ဥယာဥ်တော်ကွင်းပိုင်း နှင့် ကြက်သွန်ခင်း
( ၂ )ရပ်ကွက် ကြားအစပ် လယ်ကွက်မြေပေါ်တွင် ပြုလုပ်နေသော ကြက်ဝိုင်းဖြစ်ကြောင်းသိရသည် ။

ယင်းကြက်ဝိုင်းသို့ သွားရောက် ရှာဖွေ ဖမ်းဆီးခဲ့ရာ ကြက်တိုက်လောင်း ကစားပြုလုပ်နေသူများ အားလုံးထွက်ပြေး လွတ်မြောက်သွားကြပြီး တိုက်ကြက်ဖ တစ်ကောင်သာ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည် ။

အဆိုပါဖြစ်စဥ် နှင့်ပတ်သက်ပြီး ကြက်တိုက်လောင်းကစားပြုလုပ်သူများအား ဖော်ထုတ်အရေးယူသွားမည်လို့လဲ ရဲတပ်ဖွဲ့ထံမှ သိရသည် ။

နေလင်းအောင် (တောင်ငူ) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here