တပ်ပိုင်မြေအတွင်း ထွန်ယက်နေသော လယ်သမားတစ်ဦးအား ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်

948

မိုးစပါး စိုက်ပျိုးရန်အတွက် တပ်ပိုင်မြေအတွင်း လယ် ၁ဧကခန့် ထွန်ယက်နေသော လယ်သမားတစ်ဦးအား ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်

ဇွန် (၁၀) AlinnMyay( အလင်းမြေ )

တပ်ပိုင်လယ်မြေအတွင်း ကျူးကျော် ဝင်ရောက်ကာ လယ် ၁ ဧက ခန့်အား မိုးစပါးစိုက်ပျိုးရန်အတွက် ထွန်ယက်ခဲ့သည့် လယ်သမား တစ်ဦး ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံခဲ့ရ ဖြစ်စဉ် ရေနီမြို့တွင် ဖြစ်ပွါးခဲ့ကြောင်းသိရသည် ။

ရေတာရှည်မြို့နယ် ၊ ရေနီမြို့ ( ၄ )ရပ်ကွက် ၊ စခတ ( ၅ )ပိုင် တပ်ပိုင်မြေ ဧရိယာ ( ၁၄၂၇.၈၈ )ရှိသည့်အနက် ကွင်းအမှတ်
( ၇၃၅ – ခ ) လယ်ယာမြေအတွင်း လယ်သာအေးကျေးရွာ ၊ လယ်ဝေးမြို့နေသူ စိုးမိုးကျော် ( ၁၉ )နှစ် ဆိုသူမှ ဒီကနေ့ ဇွန် ၁၀ ရက် မနက် ၈ နာရီအချိန်က မိုးစပါးစိုက်ပျိုးရန်အတွက် လယ် ( ၁ )ဧကခန့်အား ကျူးကျော် ထွန်ယက်နေကြောင်း ရဲမှတ်တမ်းများအရ သိရသည် ။

အဆိုပါဖြစ်စဉ် နှင့် ပတ်သက်ပြီး တပ်ပိုင်လယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက် ထွန်ယက်နေသောကြောင့် ရေနီနယ်မြေရဲစခန်းတွင် လယ်သမား စိုးမိုးကျော် အား
( ပ ) ၃၇ /၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၄၄၇ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည် ။

နေလင်းအောင် (တောင်ငူ) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here