ငွေ ၁၀၀ ကျပ်၊ မျိုးစပါး ၂ ပြည်နှင့် နို့ဆီဗူး ၄ လုံး ခွဲဝေမှုနှင့် ပတ်သက်ပြီး အလွဲသုံးစားပြုလုပ်သည်ဟုဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်နားခံရ

787

ငွေ ၁၀၀ ကျပ်၊ မျိုးစပါး ၂ ပြည်နှင့် နို့ဆီဗူး ၄ လုံး ခွဲဝေမှုနှင့် ပတ်သက်ပြီး အလွဲသုံးစားပြုလုပ်သည်ဟုဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်နားခံရ

ဇွန်(၈) AlinnMyay(အလင်းမြေ)

တောင်ငူမြို့နယ် ၊ အရှေ့ဆင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူ သည် ငွေ ၁ဝဝကျပ် နှင့် မျိုးစပါး ၂ပြည်၊ နို့ဆီဗူး ၄လုံး ခွဲဝေပေးမှု နှင့် ပတ်သက်ပြီး အလွဲသုံးစာပြုလုပ်ခဲ့သည်ဟု ဆိုကာ တိုင်တန်းမှုကြောင့် ဇွန် ၃ ရက်နေ့က တာဝန်မှ ရပ်နားခံရကြောင်းသိရသည် ။

၂၀၁၈ ခုနှစ် သြဂုတ်လ ဆွာဆည်ကျိုးပေါက်ခဲ့ပြီး ရေဘေးသင့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးခဲ့သော အိမ်ထောင်စု ( ၁ )စုလျှင် ငွေ ( ၂၁၀၀ )ကျပ်နှင့် ဆည်ရေကြောင့် ရေနစ်မြုပ်ခဲ့သည့် လယ်များအတွက် ၁ဧက မျိုးစပါး ၁တင်းနှုန်းအား အလွဲသုံးစားပြုလုပ်ခဲ့သည်ဟု ဆိုကာ တိုင်တန်းခံရတာလည်းဖြစ်သည် ။

“ကျွန်တော် အလွဲသုံးစာလုပ်တယ်ဆိုတာ မဟုတ်ပါဘူး နိုင်ငံတော်က ထောက်ပံ့ပေးသည့် ငွေ ( ၂၁၀၀ )ကျပ်ကို ရပ်မိ/ရပ်ဖများ ၊ ရာအိမ်မှူးများ ၊ ဆယ်အိမ်မှူး ၊ ကျေးရွာသူ /ကျေးရွာသားများ၏ ဆန္ဒသဘော အစည်းအဝေးဆုံးဖြတ်ချက်အရ တစ်ဦးလျှင် ၂ဝဝဝကျပ်နှုန်းဖြင့် ပေးဝေခဲ့ပြီး ကျန်ငွေ ၁ဝဝကျပ်ကို ကျေးရွာ တံတားပြုပြင်သည့်နေရာမှာ သုံးစွဲခဲ့တာလည်းဖြစ်သည် အဲ့ဒီလို သုံးစွဲသည်ကို လူတစ်ချိူ့က မကျေနပ်သည်ကို သိရသောကြောင့် ကျွန်တော် အိပ်ထဲက စိုက်ပြီး ၁၀၀ ကျပ်စီပြန်လည်ပေးခဲ့ပါတယ် ယခုလို လိုအပ်သည့်နေရာမှာ သုံးစွဲတာကလည်း ရပ်မိ /ရပ်ဖတွေ ၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူး ၊ကျေးရွာသူ /ကျေးရွာသားတွေရဲ့ အများဆန္ဒ အစည်းဝေးဆုံးဖြတ်ချက်အရ သုံးစွဲခဲ့တာဖြစ်သည်ဟု ” ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူ ကဆိုသည် ။

“လယ်သမားတွေအတွက် ထောက်ပံ့ပေးသည့် မျိုးစပါးကလည်း ဧကပေါင်း ( ၉၂၇ )ဧကအတွက် ၁ဧက ၁တင်းနှုန်းပေးရမည့်အစား မျိုးစပါးတင် ( ၁၅၀ ) သာချပေးသည့်အတွက် ဘယ်လိုမှ ဝေလို့မရသည့်အဆုံး အများသဘောဆန္ဒအရ တင်း ၁၅၀ ကို ၁ဧက ၂ပြည်နှင့် ၄လုံးနှုန်း ခွဲဝေ ပေးဆောင်ခဲ့တာဖြစ်ကြောင်း ၄င်းက ဆက်ဆိုသည် ။

ဇွန်လ ၅ရက်နေ့ကမှ တာဝန်မှ ရပ်နားခံရကြောင်းသိရပြီး ကျွန်တော်အား မကျေနပ်သူ တစ်ချိူ့က ပုဂ္ဂိုလ်ရေးတိုက်ခိုက် တိုင်တန်းခဲ့တာလည်းဖြစ်ပါတယ် ဒါ့ကြောင့် ဒီကိစ္စကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အသနားခံစာတင်သွားပါမယ် ၊ လိုအပ်လျှင် နိုင်ငံတော် အတိုင်ပင်ခံ အထိ အသနားခံစာ တင်သွားမှာပါ ဟု ဦးကျော်မျိုးသူ က ဆက်ဆိုသည် ။

တောင်ငူမြို့နယ် ၊ အရှေ့ဆင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူ အား ဇွန် လ ၃ ရက်နေ့ ရက်စွဲဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်အား ရပ်စဲလိုက်ပြီး ယခင် မဲရွေးချယ်စဉ် ဒုတိယ မဲအများဆုံးရရှိထားသော ဦးဇော်မင်းစိုး အား လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်အား ( ယာယီ ) ခန့်အပ်ထားကြောင်း သိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here