မူးယစ်ဆေးဝါး သုံးစွဲ ဖြန့်ဖြူး ရောင်းချနေကြောင်း တိုင်တန်းလာသဖြင့် ဝင်ရောက်ရှာဖွေရာ ဆေးခြောက် ၅ ဂရမ် ဖမ်းဆီးရမိ

1002

ဇွန်(၄) AlinnMyay(အလင်းမြေ)

တရားမဝင် မူးယစ်ဆေးဝါးများ သုံးစွဲ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ဆေးခြောက် ၅ ဂရမ်း ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည် ။

တောင်ငူမြို့ ၊ ၁၉ ရပ်ကွက် ၊ မြို့မကျောင်းလမ်း ( စတီးလမ်း)နေ ဇင်မျိုးကိုကို ( ခ) ဇင်ဇင် ( ၂၂ )နှစ် နေအိမ်တွင် မူးယစ်ဆေးဝါးများ သုံးစွဲ ဖြန့်ဖြူးရောင်းချနေကြောင်း တိုင်တန်းလာသဖြင့် တာဝန်ရှိသူများသည် ဇွန်လ ၄ ရက် မနက် ၉ နာရီဝန်းကျင် အချိန်တွင် သက်သေများနှင့်အတူ သွားရောက် ရှာဖွေခဲ့ကြတာလည်းဖြစ်သည်။

ယင်းသို့သွားရောက် ရှာဖွေစဉ် ဇင်မျိုးကိုကိုသည် နေအိမ် အပေါ်ထပ် ခေါင်းရင်း ပြူတင်းပေါက် တံခါးမှ အထုတ် ( ၁ ) ထုပ်အား အောက်သို့ ပြစ်ချလိုက်သည်ကို တွေ့ရှိခဲ့သောကြောင့် သိမ်းဆည်းခဲ့တာလည်းဖြစ်သည်။

အဆိုပါ ပြစ်ချလိုက်သောအထုပ်သည် ဇင်မျိုးကိုကို၏ နေအိမ်ဘက် ခြံစည်းရိုးဘေးတွင် ကျရောက်ခဲ့သောကြောင့် ရှာဖွေခဲ့ရာ ယင်းအထုပ်ထဲတွင် ဆေးခြောက် ( ၁ )ထုပ် ၊ အလေးချိန် ၅ ဂရမ်းအား တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်းသိရသည်။

” ဇင်မျိုးကိုကို ( ခ ) ဇင်ဇင် ဆိုသူသည် မူးယစ်ဆေးဝါးများ သုံးစွဲ ဖြန့်ဖြူး ရောင်းချနေကြောင်း တိုင်တန်းလာသဖြင့် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ” ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်သော ရဲအရာရှိ ထံမှသိရသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်ပြီး ဆေး​ခြောက်များ သုံးစွဲ ဖြန့်ဖြူးရောင်းချရန် လက်ဝယ်ထားရှိသော ဇင်မျိုးကိုကို( ခ ) ဇင်ဇင် အား တောင်ငူမြို့မ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေး ဆောင်ရွက်ထားကြောင်းသိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here