“လွှတ်တော်ဆိုတာ ကိုယ်ပြောချင်ရာ ပြောခွင့်ရဖို့ စင်တစ်ခုလို သဘောထားဆောင်ရွက်မှုတွေဟာ မသင့်တော်ပါဘူး”

924

“လွှတ်တော်ဆိုတာ ကိုယ်ပြောချင်ရာ ပြောခွင့်ရဖို့ စင်တစ်ခုလို သဘောထားဆောင်ရွက်မှုတွေဟာ မသင့်တော်ပါဘူး” ဒေါက်တာလှမိုး(အောင်မြေသာဇံမဲဆန္ဒနယ်)

ဇွန်(၃) AlinnMyay(အလင်းမြေ)

၁.၆.၂၀၂၀ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစည်းအဝေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကို တာဝန်မှ ဖယ်ရှားရေး လွှတ်တော် ကိုယ်စားလှယ်များဆွေးနွေးမှုတွင် လွှတ်တော်ကိုယ်စားလှယ်ကြီး အောင်မြေသာဇံမဲဆန္ဒနယ် ဒေါက်တာလှမိုး မှ အခုလိုထည့်သွင်း ဆွေးနွေးသွားခဲ့ပါတယ်။

“လွှတ်တော်ဆိုတာက နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားများအကျိုးစီးပွားအတွက် စုပေါင်းဆောင်ရွက်ကြတဲ့ တိုင်းပြည်ရဲ့ အထွဋ်ထိပ်နေရာဖြစ်ပါတယ်။ လွှတ်တော် ရုပ်မြင်သံကြားတိုက်ရိုက်ထုတ်လွှင့်မှုကို အခွင့်ကောင်းယူပြီး တစ်တိုင်းပြည်လုံးကို မှားမှားမှန်မှန် မိမိပြောချင်ရာပြောမယ်။ တကယ်လို့မှတ်တမ်းကထုတ်ပယ်လည်း တိုက်ရိုက်ထုတ်လွှင့်ပြီးသွားလို့ ကိစ္စမရှိဘူး။ ကိုယ်ပြောချင်ရာ ပြောခွင့်ရဖို့ စင်တစ်ခုလို သဘောထားဆောင်ရွက်မှုတွေဟာ မသင့်တော်ပါဘူး။”

“မီဒီယာတစ်ခုနဲ့ အင်တာဗျူးရာမှာ အဆိုကို မအောင်မြင်မှန်းသိပါတယ်။ ဒါပေမယ့် လွှတ်တော်မှတ်တမ်းကျန်အောင်တင်သွင်းပါတယ်ဆိုတဲ့ ပြောကြားချက်ကိုကြည့်ရင် အဆိုရဲ့ ဦးတည်ရာဟာ လွှတ်တော်ဥက္ကဌ တစ်ဦးရဲ့ ဂုဏ်သိက္ခာမှေးမှိန်အောင် ပုဂ္ဂိုလ်ရေးအရ ထိပါးမှုလုပ်တယ်လို့ပဲ ကျွန်တော်ခံစားပါတယ်။” ဒေါက်တာလှမိုး(အောင်မြေသာဇံမဲဆန္ဒနယ်)

Source- Pyithu Hluttaw #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ #ပြည်သူ့လွှတ်တော် #ပြည်ထောင်စုလွှတ်တော် #ဦးတီခွန်မြတ် #လွှတ်တော်ကိုယ်စားလှယ်

LEAVE A REPLY

Please enter your comment!
Please enter your name here