မြောင်းမြခရိုင်အတွင်းသို့ တရုတ်နိုင်ငံ အပါအဝင် အခြားနိုင်ငံများမှ ပြည်တော်ပြန် လူဦးရေ (၁၀၀) အထိ ပြန်လည်ရောက်ရှိ

811

မြောင်းမြခရိုင်အတွင်းသို့ တရုတ်နိုင်ငံ အပါအဝင် အခြားနိုင်ငံများမှ ပြည်တော်ပြန် လူဦးရေ (၁၀၀) အထိ ပြန်လည်ရောက်ရှိ

မေ (၁၃) AlinnMyay(အလင်းမြေ)

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်သို့ မေလအတွင်း Covid-19 စတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံအပါအဝင်နိုင်ငံခြားမှ တွင်သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် ပြည်တော်ပြန် ၁၀၀ ကျော်ရှိအထိရှိလာပြီဖြစ်ကြောင်း ခရိုင် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှသိရသည်။

”နိုင်ငံတော် အစိုးရရဲ့ အစီအစဉ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၀၇ ဦးအထိ ရှိလာပါပြီ တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံတွေကပါ မြောင်းမြခရိုင်အတွင်းမှာ မြောင်းမြ၊ အိမ်မဲနဲ့ ဝါးခယ်မမြို့နယ် အတွင်းရှိကျေးရွာတွေဖြစ်တယ်။ အကုန်လုံးကို Facility Quaratine မှာ ၂၁ ရက်ထားရှိပြီး စောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်”ဟု မြောင်းမြခရိုင် Covid-19 ကာကွယ် ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်တင်ထွေးက ပြောသည်။

မြောင်းမြခရိုင်အတွင်းကို မေလ ၁၃ ရက်အထိ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်များမှာ တရုတ်နိုင်ငံ၏ မြို့များဖြစ်သည့် ကြယ်ခေါင်၊ဝမ်တိန်၊စသည့်မြို့များမှ အများဆုံးဖြစ်ပြီး ပြန်လာသူများ အားလုံးကို Facility Quaratine တွင် ၂၁ ရက်ခန့် စနစ်တကျ ထားရှိ စောင့်ကြည့်ခြင်းပြု လုပ်ထားကြောင်းသိရသည်။

”တရုတ်နိုင်ငံက အများဆုံးပါ သူတို့တွေအခု ကျန်းမာရေးကောင်းတယ် စနစ်တကျ နေထိုင် ကျပါတယ် ၂၁ရက်တာ Quaratine ဝင်နေပြီ မိမိမိသားစုနဲ့ ပြန်လည်တွေ့ဆုံရမှာဖြစ်လို့အား လုံးက စိတ်အေးအေးဖြင့် နေထိုင်ရင်ရပါတယ် ကျန်းမာရေးက အဓိကပါ”ဟု Covid-19 Voiunteer အဖွဲ့ဝင် တစ်ဦးကပြောသည်။

မြောင်းမြခရိုင်အတွင်းပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်များ သည် မြောင်းမြို့နယ်၊ဝါးခယ်မမြို့နယ်၊အိမ်မဲမြို့ နယ်များမှအများဆုံးဖြစ်ပြီး ပြန်လာသည့် ပြည်တော်ပြန်များအားလုံးမှာ လတ်တလော အားလုံးကျန်းမာရေးကောင်းမွန်လျက်ရှိ ကြောင်းသိရသည်။

အဆိုပါ ခရိုင်အတွင်းကို ရန်ကုန်တိုင်းဒေသကြီး Lockdown ချထားခံရသည့် မြို့နယ်များမှ ပြန်လာသည့် သူများနှင့် ပြည်တော်ပြန်များကို ၂၁ ထားရှိစောင့် ကြည့်ရန် Quarantine စင်တာပေါင်း မြောင်းမြမြို့နယ်မှာ ၉၃ ခုပြင်ဆင်ထားကြောင်းသိရသည်။

ကျော်ခတ်လင်း #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here