ညောင်လေးပင်မြို့နယ်ပုဇွန်မြောင်းကျေးရွာတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ပုဇွန်မြောင်းကျေးရွာ၊ အရှေ့ဘက်ရှိချောင်းအတွင်း ၂၀၂ဝမေလ၃ရက်ညရနာရီဝန်းကျင်အချိန်ကလူတစ်ဦးရေနစ် သေဆုံးနေကြောင်းသိရသည်။
အခင်းဖြစ်ရပ်သို့ ညောင်လေးပင်မြို့မရဲစခန်းရဲတပ်ဖွဲ့ဝင်များမှသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ထွန်းလင်းဇော် ၃၈နှစ်၊ လက်သမားလုပ်၊ သခွပ်ကုန်းကျေးရွာ၊ မြို့မ(၁)ရပ်ကွက်၊ ပြွန်တန်ဆာမြို့နေသူဖြစ်ပြီး ၎င်းသည် အကျယ်(၅၀)ပေ၊ အနက်(၆)ပေခန့်ရှိ ချောင်းအတွင်း အပေါ်ပိုင်းအကျီမပါ၊ ပုဆိုးအပြာကွက်စိတ်ဝတ် ဆင်လျက်၊ ခြေလက်များပဲကြီးခွံတွန့်၊ မျက်နှာပြင်ပြာနှမ်း၍ ပြင်ပဒဏ်ရာမရှိဘဲသေဆုံးနေ ကြောင်းစစ်ဆေးတွေ့ရှိရသည်။
ထွန်းလင်းဇော်သေဆုံးခြင်းနှင့်ပတ်သက်၍ ၎င်းနှင့်အတူလက်သမားလုပ်ကိုင်သူ ဦးဇော်မျိုး၊ ၃ရနှစ်၊ လက်သမားလုပ်၊ ပုဇွန်မြောင်းကျေးရွာ၊ ညောင်လေးပင်မြို့နေသူအား စစ်ဆေး မေးမြန်းရာ ထွန်းလင်းဇော်သည် ၂၀၂၀ မေလ၃ရက် ညရနာရီဝန်းကျင် အချိန်က အလုပ်လုပ်ကိုင်ပြီးအရက်သေစာသောက်စားကာ ရေဆင်းချိုးရန်ချောင်းအတွင်းသို့ဆင်းသွားခဲ့ပြီး ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့်လိုက်လံကြည့်ရှုရာချောင်းအတွင်းတွင် ရေနစ်သေဆုံးနေကြောင်းတွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံအကြောင်းကြားခဲ့ပြီးညောင်လေးပင်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာရင်ခွဲစစ်ဆေးရာ အဆုတ်ထဲရေဝင်ပြီး အသက်ရှူလမ်းကြောင်းပိတ်၍ သေဆုံးခြင်းဖြစ်ကြောင်းဆေးစစ်ချက်အရညောင်လေးပင်မြို့မရဲစခန်းမှသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/ မဟုတ်ညောင်လေးပင်မြို့မရဲစခန်းမှသေမှုသေခင်းအမှတ်စဉ် (၇/၂၀၂၀)ဖြင့် အမှုဖွင့်ထားရှိကြောင်းသိရသည်။
ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ