“ငွေမရှိလို့ ကိုယ့်သားသမီးကိုယ် ဒီအတိုင်းထိုင်ကြည့်နေရတဲ့အဖြစ်ပါ”

906

သက်နှစ်အရွယ် ကလေးငယ်မှာ ပါးပြင်မှာ အလုံးကြီးထွက်ကာ အရွယ်နဲ့မမျှအောင် ဝေဒနာခံစားနေရသဖြင့် ဆေးကုသရန် အကူအညီများလိုအပ်နေ

မေ (၄) AlinnMyay(အလင်းမြေ)

ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့နယ်ရေလိပ်အုပ်စုကျေးရွာတွင် အသက်(၂)ကျော်အရွယ်ကလေးငယ်တစ်ဦးမှာ ပါးပြင်မှာ အလုံးကြီးထွက်ကာ အရွယ်နဲ့မမျှအောင် ဝေဒနာခံစားနေရသဖြင့် ဆေးကုသရန် အကူအညီများလိုအပ်နေ ကြောင်းကလး၏မိဘများထံမှသိရှိရသည်။

”ဆေးကုသမှုခံဖို့ ငွေကြေးမတတ်နိုင်တာပါ အခုတော့ ကလေးက ရောဂါရဲ့ဒဏ်ကို တော်တော်လေးခံစားနေရပါတယ် မအိပ်နိုင်တဲ့အခြေအနေလည်းဖြစ်လာနေတယ် ဆေးတစ်ခါပြဖူးပါတယ် ရန်ကုန် ကလေးဆေးရုံကိုပြသဖို့ပြောတယ် ကျွန်တော်တို့က တစ်ရက်လုပ်တစ်ရက် စားသမားတွေဖြစ်တော့ ရေရှည်ဆေးကုသဖို့အတွက်မပြောပါနဲ့ ဆေးခန်းပြဖို့တောင် ခက်ခဲနေတယ် ကူညီပေးကြပါလို့ ပြောချင်ပါတယ်”ဟု ကလေး၏ ဖခင်ကပြောသည်။

အဆိုပါ ကလေးငယ်သည် သူဌေးကုန်းကျေးရွာနေ ဦးမြင့်မောင်နှင့် ဒေါ်ဆွေသန်းတို့၏ သမီးဖြစ်ပြီး မျက်နှာမှအလုံးကြီးသည်မွေရာပါဖြစ်ကာ ရောဂါဒဏ်ကြောင့် ကလေးခေါင်းမှ အလုံးကြီးသည် တစ်ရက်တစ်ခြား ပိုမိုကြီးလာသလို ညစဉ်ငိုနေ၍ အိပ်မရဖြစ်နေကြောင်းသိရသည်။

အဆိုပါ ကလေးငယ်၏ မိဘများမှာ ငွေပိုငွေလျှံမရှိသည့် တစ်နေ့လုပ်တစ်နေ့စားသမားများဖြစ်ကြပြီး မိဘများမှာငွေရှာနေကြသော်လည်း ကလေးရဲ့ရောဂါမှာ ပိုမိုဆိုးဝါးနေသဖြင့် ဖုန်း ၀၉ ၇၈၆ ၄၁၅ ၃၈၅ နှင့် ၀၉-၇၇၀၀၄၁၂၀၃ တို့ကို ချိတ်ဆက်ကာ ကူညီပေးစေလိုကြောင်း မိဘများထံမှသိရသည်။

”ဘယ်ဆေးခန်းပြပြ ပိုက်ဆံက ရှိမှဖြစ်တာဆိုတော့ ငွေမရှိလို့ ကိုယ့်သားသမီးကိုယ် ဒီအတိုင်းထိုင်ကြည့်နေရတဲ့အဖြစ် ရောက်နေပါတာ မိဘတွေကဆင်းရဲတဲ့ဗျ သားသမီးဖြစ်နေတဲ့ ဝေဒနာကို ဒီအတိုင်းထိုင်ကြည့်ပြီး ကြိတ်ခံနေရတာပါ စေတနာရှင် ဘယ်သူမဆို အသက်ရှင်ဖို့အရေး ကူညီးပေးပါလို့မီဒီယာကနေတစ်ဆင့် ပြောချင်ပါတယ်ရှင်”ဟု ဝါးခယ်မမြို့နယ် အမှတ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင်ကပြောသည်။

ကလေးငယ်ကို ဆေးကုသရန်အတွက် ငွေကြေးမတတ်နိုင်သဖြင့် ရောဂါခံစားနေရသည်မှာ ၂နှစ်ကျော်ကျော်ခန့် ရှိနေပြီး လက်ရှိတွင် ရောဂါအခြေအနေ ပိုမိုဆိုးဝါးလာနေပြီး ဒေသဆေးခန်းများက ရန်ကုန်ကလေးဆေးရုံကို သွားရောက်ပြသကုသ ဖို့ ညွန်ကြားထားကြောင်မိဘများထံမှသိရသည်။

ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ











LEAVE A REPLY

Please enter your comment!
Please enter your name here