သမီးဖြစ်သူမှာ အလိုမတူပဲ သားမယားပြုကျင့်ခံရသဖြင့် မိခင်ဖြစ်သူမှ ရဲစခန်း၌ အမှုဖွင့်တိုင်ကြား

1020

သမီးဖြစ်သူမှာ အလိုမတူပဲ သားမယားပြုကျင့်ခံရသဖြင့် မိခင်ဖြစ်သူမှ ရဲစခန်း၌ အမှုဖွင့်တိုင်ကြား

ဧပြီ (၂၆) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာတွင် တရားလို၏ သမီးဖြစ်သူ မ…..(၂၀)နှစ် ကို အလိုမတူပဲ သားမယားပြုကျင့်မှုဖြင့် ၂၀၂ဝ ဧပြီ ၂၅ရက်နေ့က မိခင်ဖြစ်သူမှ တရားလိုလုပ်ပြီး လာရောက် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ညောင်လေးပင်မြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ တရားလို မိခင်နှင့် အတူနေ သမီးဖြစ်သူ မ…. မှာ ဗိုက်ပူနေသဖြင့် မသင်္ကာ၍ (၂၅.၄.၂၀၂၀)ရက်နေ့ က ညောင်လေးပင်ပြည်သူ့ဆေးရုံသို့ သွား ရောက်ပြသခဲ့ရာ သမီးဖြစ်သူ မ…. တွင် ကိုယ်ဝန်(၃)လရှိနေကြောင်း သိရှိရသဖြင့် မေးမြန်းရာ ၂၀၁၉ ဒီဇင်ဘာ၈ရက်က မိဘများ ပဲနှုတ်သွားနေစဉ် နေအိမ်၌ တစ်ဦးတည်းကျန်နေခဲ့ရာ နေအိမ်ခြေရင်းတွင် နေထိုင်သူ အောင်ကိုလတ်မှ ၎င်းအားချစ်ကြိုက်ကြောင်းပြောဆိုပြီး ပါးစပ်အားလက်ဖြင့်ပိတ်၍ သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့ ကြောင်း၊ မိဘများအားပြန်ပြော ပါက သတ်ပစ်မည်ဟုပြောသဖြင့်ကြောက်ရွံ့၍ မပြောခဲ့ကြောင်း၊ ထို့နည်းအတူ နေအိမ်တွင် မိဘများ မရှိခိုက် သားမယား အဖြစ်(၅)ကြိမ်ခန့် ထပ်မံပြုကျင့်ခဲ့ ကြောင်း၊ ပြောပြသိရှိရသဖြင့် မိခင်ဖြစ်သူမှ တရားလို ပြုလုပ်ပြီး အရေးယူပေးပါရန် လာ‌ရောက်တိုင်တန်း‌ သောကြောင့် အောင်ကိုလတ်သည် တရားလို၏ သမီးဖြစ်သူ မ…. အား မိဘများမရှိခိုက် အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ရဲစစ်ဆေးချက်အရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အလိုမတူပဲ သားမယားပြုကျင့်သူ အောင်ကိုလတ်အား ညောင်လေးပင်မြို့မရဲစခန်းမှ (ပ)၉၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

သမီးျဖစ္သူမွာ အလိုမတူပဲ သားမယားျပဳက်င့္ခံရသျဖင့္ မိခင္ျဖစ္သူမွ ရဲစခန္း၌ အမႈဖြင့္တိုင္ၾကား

ဧၿပီ (၂၆) AlinnMyay(အလင္းေျမ)

ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ေတာ္ဝိေက်းရြာတြင္ တရားလို၏ သမီးျဖစ္သူ မ….. (၂၀)ႏွစ္ ကို အလိုမတူပဲ သားမယားျပဳက်င့္မႈျဖင့္ ၂၀၂ဝ ဧၿပီ ၂၅ရက္ေန႔က မိခင္ျဖစ္သူမွ တရားလိုလုပ္ၿပီး လာေရာက္ အမႈဖြင့္တိုင္ၾကားခဲ့ေၾကာင္း ေညာင္ေလးပင္ၿမိဳ႕မရဲစခန္းမွသိရသည္။

ျဖစ္စဥ္မွာ တရားလို မိခင္ႏွင့္ အတူေန သမီးျဖစ္သူ မ…. မွာ ဗိုက္ပူေနသျဖင့္ မသကၤာ၍ (၂၅.၄.၂၀၂၀)ရက္ေန႔ က ေညာင္ေလးပင္ျပည္သူ႔ေဆး႐ုံသို႔ သြား ေရာက္ျပသခဲ့ရာ သမီးျဖစ္သူ မ…. တြင္ ကိုယ္ဝန္(၃)လရွိေနေၾကာင္း သိရွိရသျဖင့္ ေမးျမန္းရာ ၂၀၁၉ ဒီဇင္ဘာ၈ရက္က မိဘမ်ား ပဲႏႈတ္သြားေနစဥ္ ေနအိမ္၌ တစ္ဦးတည္းက်န္ေနခဲ့ရာ ေနအိမ္ေျခရင္းတြင္ ေနထိုင္သူ ေအာင္ကိုလတ္မွ ၎အားခ်စ္ႀကိဳက္ေၾကာင္းေျပာဆိုၿပီး ပါးစပ္အားလက္ျဖင့္ပိတ္၍ သားမယားအျဖစ္ (၁)ႀကိမ္ျပဳက်င့္ခဲ့ ေၾကာင္း၊ မိဘမ်ားအားျပန္ေျပာ ပါက သတ္ပစ္မည္ဟုေျပာသျဖင့္ေၾကာက္ရြံ့၍ မေျပာခဲ့ေၾကာင္း၊ ထို႔နည္းအတူ ေနအိမ္တြင္ မိဘမ်ား မရွိခိုက္ သားမယား အျဖစ္(၅)ႀကိမ္ခန႔္ ထပ္မံျပဳက်င့္ခဲ့ ေၾကာင္း၊ ေျပာျပသိရွိရသျဖင့္ မိခင္ျဖစ္သူမွ တရားလို ျပဳလုပ္ၿပီး အေရးယူေပးပါရန္ လာ‌ေရာက္တိုင္တန္း‌ ေသာေၾကာင့္ ေအာင္ကိုလတ္သည္ တရားလို၏ သမီးျဖစ္သူ မ…. အား မိဘမ်ားမရွိခိုက္ အလိုမတူပဲ သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္း ရဲစစ္ေဆးခ်က္အရသိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ အလိုမတူပဲ သားမယားျပဳက်င့္သူ ေအာင္ကိုလတ္အား ေညာင္ေလးပင္ၿမိဳ႕မရဲစခန္းမွ (ပ)၉၅/၂၀၂၀၊ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားရွိေၾကာင္းသိရသည္။

ကိုမ်ိဳး(ေညာင္ေလးပင္) #AlinnMyay(အလင္းေျမ)
#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here