ငွေကြေး အဆင်မ​ပြေး၍ စိတ်ညစ်ပြီး အမျိုးသားတစ်ဦး မိမိကိုယ် ကြိုးဆွဲချ သေဆုံး

1049

ငွေကြေး အဆင်မ​ပြေး၍ စိတ်ညစ်ပြီး အမျိုးသားတစ်ဦး မိမိကိုယ် ကြိုးဆွဲချ သေဆုံး

ဧပြီ (၁၇) AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

ငွေကြေးအဆင်မပြေ၍ စိတ်ညစ်ပြီး အမျိုးသား တစ်ဦး မိမိကိုယ် ကို ကြိုးဆွဲချ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီကနေ့ ဧပြီလ ၁၇ ရက် ညနေပိုင်းက တောင်ငူမြို့ မှာ ဖြစ်သွားခဲ့ပါတယ် ။

ကြိုးဆွဲချ သေဆုံးသူမှာ တောင်ငူမြို့ ( ၁၃ )ရပ်ကွက် ၊ ကျန်းမာရေးလမ်းနေ ဦးမျိုးဝင်း ( ၄၉ )နှစ် ၊( ဘ ) ဦးထွန်းရီ ဆိုသူဖြစ်ကြောင်းသိရပါတယ် ။

သေဆုံးသူဟာ ၄င်း၏ နေအိမ်ဘုရားခန်းရှေ့ရှိ ခေါင်မိုး ဝါးလုံးကိုအသုံးပြုကာ လျှပ်စစ်ဝါယာကြိုးဖြင့် မိမိကိုယ် ကို ကြိုးဆွဲချ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

သေဆုံးသူ ဦးမျိုးဝင်းသည် ငွေကြေး အဆင်မပြေဖြစ်ကာ စိတ်ညစ်ပြီး ယခုလို ကြိုးဆွဲချ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ၏ ပြောပြချက်အရသိရပါတယ်။

သေဆုံးသူနှင့် ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ရဲတပ်ဖွဲ့မှ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်ထားကြောင်းသိရပါတယ် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here