တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၏ ကားမှန် ရိုက်ခွဲခံရ

805

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၏ ကားမှန် ရိုက်ခွဲခံရ

ဧပြီ (၁၄) AlinnMyay(အလင်းမြေ)

တောင်ငူမြို့ ၊ အမှတ် ( ၂ )တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်း၏ အိမ်စီးကား အရှေ့ မှန်အား ရေအိုးဖြင့် ရိုက်ခွဲသွားသည့် ဖြစ်စဉ်တစ်ခု တောင်ငူမြို့တွင် ဖြစ်ပွါးခဲ့ပါတယ် ။

တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဝင်းဟာ တောင်ငူမြို့ အမှတ် ( ၄ )ရပ်ကွက် ၊ ၂လမ်းရှိ ၄င်း၏ နေအိမ်ရှေ့ ဧပြီလ ၁၃ ရက်နေ့က လမ်းပေါ်တွင် ညအိပ် ရပ်နားထားစဉ် ကားအရှေ့မှန်အား ရေအိုးဖြင့် ရိုက်ခွဲခံခဲ့ရတာလည်းဖြစ်ပါတယ် ။

” ဧပြီလ ၁၃ ရက်နေ့ ည က ရိုက်ခွဲခံခဲ့ရတာပါ ပတ်ဝန်းကျင်မှာလည်း ရန်ငြိုးရန်စမရှိပါဘူး ၊ သူနေတဲ့ အိမ်က အိမ်ပြည့်ခြံပြည့်ဆိုတော့ ကားကို ခြံထဲထည့်လို့မရဘဲ လမ်းပေါ်ရပ်တန့် ထားရာက ယခုလို ရိုက်ခွဲသွားတာဖြစ်တယ်လို့ ” တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

” ည ၁၁ ဝန်းကျင်းက ဗိုလ်မှူး ဖိုးကွန်းလမ်းပေါ်တွင် လူငယ်တစ်စု သောင်းကျန်းနေကြောင်း သိရ၍ ဖမ်းဆီးထားရာ ၄င်းတို့ထဲမှ ၂ ဦးမှာ ကားမှန်အား လမ်းဘေး အလှပန်းအိုးဖြင့်ရိုက်ခွဲတာဖြစ်တယ်လို့ စစ်ဆေးသိရှိရပါတယ် ကားတစ်စီး၏ မှန်အားရိုက်ခွဲတာဖြစ်ပြီး ဘယ်သူ ဘယ်ဝါ၏ ကားမှန်းမသိဘူးလို့ ရိုက်ခွဲသူ လူငယ် နှစ်ဦးက ပြောပါတယ် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ၄င်း၏ ကားရိုက်ခွဲခံရတာနှင့် ပတ်သက်ပြီး ရဲစခန်းကို တိုင်ချက် လာရောက်ဖွင့်ဆိုခြင်းမရှိသေးကြောင်း ” အမှတ်( ၂ )နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးသက်မောင် မှ ဆိုသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

(Zawgyi)

တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္၏ ကားမွန္ ရိုက္ခြဲခံရ

ဧၿပီ (၁၄) AlinnMyay(အလင္းေျမ)

ေတာင္ငူၿမိဳ႕ ၊ အမွတ္ ( ၂ )တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးမင္းဝင္း၏ အိမ္စီးကား အေရွ႕ မွန္အား ေရအိုးျဖင့္ ရိုက္ခြဲသြားသည့္ ျဖစ္စဥ္တစ္ခု ေတာင္ငူၿမိဳ႕တြင္ ျဖစ္ပြါးခဲ့ပါတယ္ ။

တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအးမင္းဝင္းဟာ ေတာင္ငူၿမိဳ႕ အမွတ္ ( ၄ )ရပ္ကြက္ ၊ ၂လမ္းရွိ ၄င္း၏ ေနအိမ္ေရွ႕ ဧၿပီလ ၁၃ ရက္ေန႔က လမ္းေပၚတြင္ ညအိပ္ ရပ္နားထားစဥ္ ကားအေရွ႕မွန္အား ေရအိုးျဖင့္ ရိုက္ခြဲခံခဲ့ရတာလည္းျဖစ္ပါတယ္ ။

” ဧၿပီလ ၁၃ ရက္ေန႔ ည က ရိုက္ခြဲခံခဲ့ရတာပါ ပတ္ဝန္းက်င္မွာလည္း ရန္ၿငိဳးရန္စမရွိပါဘူး ၊ သူေနတဲ့ အိမ္က အိမ္ျပည့္ၿခံျပည့္ဆိုေတာ့ ကားကို ၿခံထဲထည့္လို႔မရဘဲ လမ္းေပၚရပ္တန္႔ ထားရာက ယခုလို ရိုက္ခြဲသြားတာျဖစ္တယ္လို႔ ” တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

” ည ၁၁ ဝန္းက်င္းက ဗိုလ္မႉး ဖိုးကြန္းလမ္းေပၚတြင္ လူငယ္တစ္စု ေသာင္းက်န္းေနေၾကာင္း သိရ၍ ဖမ္းဆီးထားရာ ၄င္းတို႔ထဲမွ ၂ ဦးမွာ ကားမွန္အား လမ္းေဘး အလွပန္းအိုးျဖင့္ရိုက္ခြဲတာျဖစ္တယ္လို႔ စစ္ေဆးသိရွိရပါတယ္ ကားတစ္စီး၏ မွန္အားရိုက္ခြဲတာျဖစ္ၿပီး ဘယ္သူ ဘယ္ဝါ၏ ကားမွန္းမသိဘူးလို႔ ရိုက္ခြဲသူ လူငယ္ ႏွစ္ဦးက ေျပာပါတယ္ လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ ၄င္း၏ ကားရိုက္ခြဲခံရတာႏွင့္ ပတ္သက္ၿပီး ရဲစခန္းကို တိုင္ခ်က္ လာေရာက္ဖြင့္ဆိုျခင္းမရွိေသးေၾကာင္း ” အမွတ္( ၂ )နယ္ေျမရဲစခန္းမႉး ရဲအုပ္စိုးသက္ေမာင္ မွ ဆိုသည္။

ေနလင္းေအာင္(ေတာင္ငူ) #AlinnMyay(အလင္းေျမ) #ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here