အရက်မူးဆဲဆိုနေသည်ကို လာရောက်ဟန့်တားသူအား မကျေနပ်၍ နေအိမ်စျေးဆိုင်အား ဓာတ်ဆီလောင်း မီးရှို့

894

အရက်မူးဆဲဆိုနေသည်ကို လာရောက်ဟန့်တားသူအား မကျေနပ်၍ နေအိမ်စျေးဆိုင်အား ဓာတ်ဆီလောင်း မီးရှို့

ဧပြီ (၁၁) AlinnMyay(အလင်းမြေ)

အရက်မူးပြီးဆဲဆိုနေသည်ကို လာရောက်ဟန့်တား သောကြောင့် မကျေမနပ်ဖြစ်ကာ နေအိမ်စျေးဆိုင်အား ဓာတ်ဆီလောင်း မီးရှို့ခဲ့သည် ဖြစ်စဉ်တစ်ခု တောင်ငူမြို့မှာ ဒီကနေ့ မနက် အစောပိုင်းက ဖြစ်ပွါးခဲ့ကြောင်းသိရသည်။

တောင်ငူမြို့ ၊ ၁၆ ရပ်ကွက် ၊ ၆လမ်းနေ ဦးဌေးအောင်( ခ) အမင်ဘိုင် ( ၅၈)နှစ်၊(ဘ) ဦးတင်အောင် သည် ဧပြီလ ၁၁ရက် မနက် ၁ နာရီအချိန်တွင် နေအိမ်စျေးဆိုင် အပေါ်ထပ်၌ မိသားစု နှင့်အတူရှိနေစဉ် နေအိမ်အောက်ထပ်စျေးဆိုင် သံတံခါးမြောင်းအတွင်း နှင့် လှေခါးပေါ်၌ မီးများလောင်ကျွမ်းနေပြီး မီးတောက်များတွေ့ရှိသောကြောင့် အိမ်ပေါ်ထပ်မှ​ဆင်းပြေးခဲ့ရကြောင်းသိရသည်။

ယင်းသို့ အိမ်ပေါ်ထပ်မှ ဆင်းလာစဉ် နေအိမ်ရှေ့ လမ်းပေါ်တွင် အမှတ် ၁၄ ရပ်ကွက်နေ ဖိုးဇော် (ခ) ကုရာဘမ်း သည် ဆိုက္ကားနင်းထွက်ပြေးသွားကြောင်းတွေ့လိုက်ပြီး လောင်းကျွမ်းနေသော မီးများအား ပတ်ဝန်းကျင်နှင့် အချိန်မီ ဝိုင်းဝန်းငြိမ်းသတ်လိုက်နိုင်ခဲ့ကြောင်းသိရသည် ။

ဖိုးဇော်(ခ) ကုရာဘမ်းသည် ဧပြီလ ၁၀ ရက် ညနေ ပိုင်းက အရက်မူးပြီး နေအိမ်ရှေ့ လမ်းပေါ်တွင် ညစ်ညမ်းစွာ ဆဲဆိုနေသည်ကို ဦးဌေးအောင်မှ သွားရောက်ဟန့်တားခဲ့သည်ကို မကျေမနပ်ဖြစ်ကာ နေအိမ်စျေးဆိုင်အား လူချေတိတ်ချိန် မနက်အစောပိုင်းတွင် ဓာတ်ဆီလောင်းကာ နေအိမ်စျေးဆိုင်အား လာရောက် မီးရှို့ခြင်းဖြစ်ကြောင်း တိုင်ကြားစာအရသိရသည်။

ဖိုးဇော်( ခ) ကုရာဘမ်း၏ ဝဲ /ယာ ခြေဖဝါးတွင် မီးလောင်ဒဏ်ရာများရရှိခဲ့သောကြောင့် တောင်ငူမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ပြင်ပလူနာ( မစိုးရိမ်ရ )ဖြင့် ကုသပေးပြီး ၄င်းအား တောင်ငူမြို့ အမှတ် ( ၂ )နယ်မြေရဲစခန်းတွင် (ပ)၂၂၁/၂၀၂၀ ရာဇသတ်ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် စစ်ဆေးထားကြောင်းသိရသည် ။

နေလင်းအေင်(တောင်ငူ) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here