ဖဒိုမြို့တွင်ကားနှင့်ဆိုင်ကယ်တိုက်မိရာမှဆိုင်ကယ်မောင်းနှင်သူသေဆုံး

920

ဧပြီ (၇) AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

ပဲခူးတိုင်းဒေသကြီးဖဒိုမြို့မြို့ ချောင်း-ဖဒိုသွားကားလမ်း အယဉ်စုကျေးရွာအနီးမိုင်တိုင်အမှတ် ၇၄/၂ နှင့် ၇၄/၃ အကြားတွင် ၂၀၂၀ ဧပြီ၆ရက်ည‌ နေ၃နာရီခွဲဝန်းကျင်အချိန်ကယာဉ်တိုက်မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာစိန်ကန့်လန့် မြို့ချောင်း-ဖဒို သွားကားလမ်းအတိုင်း ဖဒိုမြို့ဘက်မှ မြို့ချောင်းဘက်သို့ ယာဉ်မောင်း ၊ မသင်္ကြန်မိုး(၂၀)နှစ် မြို့ချောင်းကျေးရွာအုပ်စု၊ ကျောက်တံခါးမြို့နယ်နေသူ မောင်းနှင်သော DAYANG110 အမျိုးအစား ၄၉ယ/——— နံပါတ်ပါ အနက်ရောင်ဆိုင်ကယ်သည် အယဉ်စုကျေးရွာလမ်းကြားမှ ကားလမ်းမကြီးပေါ်သို့ ၎င်း၏ယာဉ်ကြောဘက်သို့မောင်းတက်စဉ် မြို့ချောင်းဘက်မှ ဖဒိုမြို့ဘက်သို့ ယာဉ်မောင်း -ကျော်ရဲဇော် (၃၀)နှစ် တပင်ရွှေထီးမြောက်ရပ်ကွက်၊ ပဲနွယ်ကုန်းမြို့၊ ကျောက်တံခါးမြို့နေသူမောင်းနှင်လာသောYGN/———- နံပါတ်ပါ အဖြူ/အနီရောင် ရန်ကုန်-ပဲနွယ်ကုန်းယာဉ်လိုင်းဝင်းရတနာခရီးသည်တင်မှန်လုံယာဉ်မှာ ၎င်း၏ယာဘက်လမ်းကြောအတိုင်း မမောင်းနှင်ဘဲ ဝဲဘက် ယာဉ်‌‌ကြောမှ လမ်းပြောင်းပြန်မောင်းနှင်လာသဖြင့် မသင်္ကြန်မိုး မောင်းနှင်သော ဆိုင်ကယ်အားမျက်နှာချင်းဆိုင်ဝင်ရောက်တိုက်မိရာ ဝင်းရတနာခရီးသည်တင်ယာဉ် ပေါ်တွင်လိုက်ပါလာသောခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ဆိုင်ကယ်မောင်းနှင်လာသူ မသင်္ကြန်မိုးတွင်ဦးခေါင် ဘက်ကွဲဒဏ်ရာ၊ ဝဲဘက်တံတောင်ဆစ်ကျိုးဒဏ်ရာ၊ ဝဲဘက်ခြေထောက်ကျိုးဒဏ်ရာများရရှိကာ မြို့ချောင်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်မောင်းနှင်သူကျော်ရဲဇော်နှင့်မသင်္ကြန်မိုးတို့နှစ်ဦးအားယာဉ်(ပ)၈/၂၀၂ဝရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၄-က ဖြင့်ဖဒိုနယ်မြေရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here