စစ်ကိုင်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသားသုံးဦးကို စစ်ကိုင်းမြို့က ပြန်လွှတ်

929

စစ်ကိုင်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသားသုံးဦးကို စစ်ကိုင်းမြို့က ပြန်လွှတ်

ဧပြီ (၆) AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

စစ်ကိုင်းမြို့အဝင်အထွက်ဂိတ်များနဲ့ ၉ပေတံတားဂိတ်မှာCovid-19 ထိန်းချုပ်ကာကွယ်နိုင်ရန် အတွက်ခရီးသည်တင်ယဉ်များကိုကျန်းမာရေးစစ်ဆေးမူများပြုလုပ်နေရာ အိမ်စီးကားပေါ်ကပြည်ပနိုင်ငံသားသုံးဦးကို စစ်ကိုင်းမြို့ကနေဖြတ်ရာ ဖြတ်သန်းခွင့်မပြုဘဲ ဧပြီလ ၆ ရက်နေ့ မနက်ကပြန်လွှတ်ခဲ့ပါတယ်။

ကျနော်တို့က စစ်ကိုင်း ၉ ပေတံတားထိပ်မှာ Covid-19 ထိန်းချုပ်ကာကွယ်နိုင်ရန် အတွက်ခရီးသည်တင်ယဉ်များကိုကျန်းမာရေးစစ်ဆေးမူများပြုလုပ်နေချိန်မှာ စစ်ကိုင်းရွှေဘိုခရိုင်ချင်းဆက်လမ်းကျောက်ပနံအုပ်စု ကံကြီးကုန်းရွာမှာ Covid-19 ထိန်းချုပ်ကာကွယ်နိုင်ရန်ကျန်းမာရေး စစ်ဆေးမူများပြုလုပ်ရာ ပြည်ပနိုင်သားသုံးဦးကိုတွေ့ရှိခဲ့တဲ့ ဒေသခံရွာသားများနဲ့ ကျေးရွားအုပ်ချုပ်ရေးမူးတို့က ကျနော်တို့စစ်ဆေးနေတဲ့ စစ်ကိုင်း ၉ပေတံတားထိပ်ကို ခေါ်ဆောင်လာတဲ့အတွက် ပြည်ပနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားသုံးယောက်ကို သက်ဆိုင်ရာCovid-19ရောဂါကာကွယ်ရေးထိန်းချုပ်ရေးကျန်းမာရေးအဖွဲ့က ဆေးစစ်ဆေးမူများပြုလုပ်ပြီး ပြည်ပနိုင်ငံသားများကို စစ်ကိုင်းမြို့ကနေပြန်လည်စေလွှတ်လိုက်တယ်လို့ စစ်ကိုင်းမြို့မရဲစခန်း ရဲအုပ်ကျော်ကျော်ကပြောပါတယ်။

ပြည်ပနိုင်ငံသားသုံးဦးဟာ မန္တလေးဘော်လုံးအကယ်ဒီမီသိပ္ပံကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားသုံးဦးလဲ ဖြစ်ပါတယ်

အခု Covid-19 နဲ့ပါတ်သက်ပြီး ကျန်းမာရေးထိမ်းချုပ်တဲ့ဂိတ်တွေအနေနဲ့ အထူးသတိထားသင့်တဲ့အချက်ပါဘဲခရီးသည်တင်ကားတွေကိုဘဲစစ်ဆေးနေချိန်မှာ အခုလို ပြည်ပနိုင်ငံသားတွေလွတ်သွားတယ်လေ ဒါကိုစစ်ကိုင်းနဲ့ ရွှေဘိုခရိုင်ချင်းဆက်လမ်းက ကျောက်ပနံရွာက ဒေသခံတွေက ပြည်ပနိုင်ငံသားသုံးဦးကို ကျေးရွာအုပ်ချုပ်ရေးမူးနဲ့ကျန်းမာရေးအဖွဲ့က တွေ့လို့ စစ်ကိုင်း ၉ ပေဂိတ်အထိပြန်ခေါ်စစ်ဆေးလို့သာကျောက်ပနံရွာကသာမတွေ့ရင် မတွေးရဲစရာပါဘဲ Covid-19 စစ်ဆေးရေးဂိတ်တွေအနေနဲ့ အိမ်စီးကားတွေကိုလည်း ဂရုစိုက်စစ်ဆေးဖို့လို့တယ်လို့စစ်ကိုင်းဒေသခံဖြစ်သူ ဦးကိုကိုက ပြောပါတယ်။

စစ်ကိုင်း ၉ ပေတံတားကားဂိတ် မှာ Covid-19ရောဂါကာကွယ်နိုင်ရန် အတွက် မြို့ဝင်မြို့ထွက်မှာစစ်ဆေးရေးဂိတ်မှ ခရီးသည်တင်ကားများကို စစ်ကိုင်းမြို်အတွင်းကို ဆင်းတဲ့ခရီးသည် ယာဥိကားများကိုစစ်ဆေးခဲ့ရာ အိမ်စီးကား YGN 2H 4070 အဖြူ ရောင် HONDA CIVIC အမျိုးစားကားနဲ့ နိုင်ဂျီးရီးယားနိုင်ငံသားသုံးဦးကို စစ်ကိုင်းခရိုင်ချင်းဆက်လမ်းကျောက်ပနံ ကံကြီးကုန်းရွာကှ အုပ်ချုပ်ရေးမူး ဒေသခံပြည်သူများ ကျန်းမာရေးဝင်ထမ်းများက စစ်ဆေးရာမူများပြုလုပ်ရာတွေ့ရှိခဲ့တဲ့တာလည်းဖြစ်ပါတယ်

ပြည်ပနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားများဖြစ်နေတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများကိုအကြောင်းကြားပြီးCovid-19ရောဂါကာကွယ်ရေးထိန်းချုပ်ရေးကျန်းမာရေးအဖွဲ့က ဆေးစစ်ဆေးမူများပြုလုပ်ပြီး စစ်ကိုင်းမြို့ကနေပြန်လွှတ်လိုက်တာလည်းဖြစ်ပါတယ်။

ပြည်ပနိုင်ငံသားများဟာ မန္တလေးအောင်မြေသာစံ မြို့နယ် ManDalay City ဟိုတယ်မှာ တည်းခိုနေကြသူများလည်းဖြစ်ပါတယ်။

မန္တလေးရင်ခတ်သံ #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here