Covid-19 ရောဂါမပြန့်ပွားစေရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်နေစဉ် ခဲနဲ့ထုသူနှင့် သတင်းမှားတင်သူကို အရေးယူ

668

Covid-19 ရောဂါမပြန့်ပွားစေရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်နေစဉ် ခဲနဲ့ထုသူနှင့် သတင်းမှားတင်သူကို အရေးယူ

ဧပြီ (၅) AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

တံတားဦးမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူမှုများအား ပြည်ထဲရေး သတင်းထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃ ရက်နေ့ ၂၁၀၀ အချိန် တံတားဦးမြို့နယ်၊ စပါးတွင်းကျေးရွာနေ ဦးမာကျော့(၅၀)နှစ်၏နေအိမ်၌ Covid-19 ရောဂါမပြန့်ပွားစေရေးအတွက် အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်မှာကြားချက်များအား အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်း၊ အခြားဒေသမှ ကျေးရွာသို့ ပြန်လည်ရောက်ရှိလာသူများအား ကျေးရွာကျန်းမာရေးကော်မတီအဖွဲ့မှ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါကျေးရွာနေ စိုးနိုင်(၄၉)နှစ်မှာ အရက်သေစာ သောက်စားမူးယစ်ပြီး တားဆီးဟန့်တား နှောင့်ယှက်မှုများဖြစ်စေရန် ခဲဖြင့်ထု၍ထွက်ပြေးသွားခဲ့၍ ဧပြီလ ၄ ရက်နေ့ ၁၉၃၀ အချိန် တံတားဦးမြို့နယ်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်မှ တိုင်တန်း၍ စိုးနိုင်(ဖမ်းမိ)အား ချောင်းခွနယ်မြေရဲစခန်း (ပ)၁၄/၂၀၂၀၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

အလားတူ ဧပြီလ ၄ ရက်နေ့ ၀၀၅၅ အချိန် ရေတာရှည်မြို့၊ ရေတာရှည်မြို့မရဲစခန်းသို့ ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နိုင်(၅၀)နှစ်မှ တိုင်စာပေးပို့တိုင်တန်း၍ ဘုန်းမြင့်မိုး (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် ဘုန်းမြင့်မိုး အကောင့်ဖြင့် ရေတာရှည်မြို့သူ/သားများ Group Facebook လူမှုကွန်ရက်စာမျက်နှာ၌ “ကဲ ရေတာရှည် အမျိုးတွေ ဘရင်းကုန်း Positive တဲ့နော်”ဟု ရေတာရှည်မြို့နယ်၊ ဘရင်းကုန်းကျေးရွာ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပိုးတွေ့ရှိကြောင်း မဟုတ်မမှန် ပြည်သူများအထင်အမြင် လွဲမှားစေရန် ရေးသားဖော်ပြခဲ့သဖြင့် ဘုန်းမြင့်မိုး(၃၆)နှစ်(ဖမ်းမိ)အား ရေတာရှည်မြို့မရဲစခန်း(ပ)၁၃၆/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းဓာတ်ပုံ – ပြည်ထဲရေး #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here