စောင့်ကြည့် လူနာအဖြစ်ထားတာကို မကျေနပ်လို့ အလှူရှင်တွေ ကျွေးတဲ့ ထမင်း၊ ဟင်းထုတ်များအား လွှင့်ပစ်

828

စောင့်ကြည့် လူနာအဖြစ်ထားတာကို မကျေနပ်လို့ အလှူရှင်တွေ ကျွေးတဲ့ ထမင်း၊ ဟင်းထုတ်များအား လွှင့်ပစ်

ဧပြီ (၄) AlinnMyay(အလင်းမြေ)

သနပ်ပင်မြို့နယ်နှင့် သာယာဝတီမြို့နယ်တို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဉပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါသတင်းထုတ်ပြန်မှုတွင် အရက်သောက်စားမူးယစ်ပြီး စောင့်ကြည့် လူနာအဖြစ်ထားရှိခြင်းကို မကျေနပ်သဖြင့် အလှူရှင်များ ကျွေးမွေးသော ထမင်း၊ ဟင်းထုတ်များအား လွှင့်ပစ်ခြင်း၊ ဆဲဆိုခြင်းများပြုလုပ်ခဲ့သူ တစ်ဦး ပါဝင်ခဲ့ကြေင်း တွေ့ရသည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့ ၂၃၀၀ အချိန် အောက်သောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်ပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကာကွယ်ထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့သည် သနပ်ပင် မြို့နယ်၊ ဆယ်ဧကကျေးရွာရှိ အ.မ.က(မူလွန်)၌ နယ်ဝေးမှ မိမိနေရပ်သို့ ပြန်လည်ထွက်ခွာလာသူ ၁၃ ဦး(ကျား ၈ ၊မ ၅)အား ထားရှိစောင့်ကြည့်ခဲ့ရာ အဆိုပါ ၁၃ ဦးအနက် အမျိုးသား ၃ ဦးထားရှိရာ သီးသန့်ဆောင်သို့ ၎င်းအမျိုးသား ၃ ဦး၏ ဦးလေးတော်စပ်သူ ကျော်မင်းလွင်(၄၈)နှစ်သည် အရက် မူးယစ်ကာ ရောက်ရှိလာပြီး အခန်းတံခါးအား ကန်ဖွင့်၍ ဝင်ရောက်ဆဲဆိုခဲ့သဖြင့် ဧပြီလ ၃ ရက်နေ့ ၁၆၄၀ အချိန် အောက်သောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်မှ တိုင်တန်း၍ ကျော်မင်းလွင်(ဖမ်းမိ)အား မင်းရွာနယ်မြေရဲစခန်း၊ (ပ)၂၀/၂၀၂၀၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)(ခ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

အလားတူ ဧပြီလ ၃ ရက်နေ့ ၁၁၂၅ အချိန် သာယာဝတီမြို့နယ်၊ ဈေးပိုင်းရပ်ကွက် ပြည်သူလူထုအခြေပြုကန့်သတ်စခန်း(၁)၊ အ.ထ.က(၁)(သာယာဝတီ)၌ စောင့်ကြည့်လျက်ရှိသော ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ကျော်သူရ(၄၁)နှစ်သည် အရက်သောက်စားမူးယစ်ပြီး စောင့်ကြည့် လူနာအဖြစ်ထားရှိခြင်းကို မကျေနပ်သဖြင့် အလှူရှင်များ ကျွေးမွေးသော ထမင်း/ဟင်းထုတ်များအား လွှင့်ပစ်ခြင်း/ဆဲဆိုခြင်းများပြုလုပ်ခဲ့သဖြင့် သာယာဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်မှ တိုင်တန်း၍ ကျော်သူရ(ဖမ်းမိ)အား သာယာဝတီမြို့မရဲစခန်း၊ (ပ)၁၂၄/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင် ဓာတ်ပုံ – ပြည်ထဲရေး #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here