ရွှေဆိုင်ကို ရွှေအတုလာရောင်းသူအား ဖမ်းဆီးရမိ

881

ရွှေဆိုင်ကို ရွှေအတုလာရောင်းသူအား ဖမ်းဆီးရမိ

မတ်(၃) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

တောင်ငူမြို့ ၊ နဂါးရုံ ဘုရားလမ်းပေါ်ရှိ စိန်ညွှန့်ရွှေဆိုင်တွင် ဒီကနေ့ ဧပြီ ၃ ရက် မနက်ပိုင်းက ရွှေအတုလာရောက်ရောင်းချသူအား ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည် ။

အဆိုပါရွှေအတု လာရောက်ရောင်းချသူအား ဆိုင်ရှင်များမှ ဖမ်းဆီးရာအဖမ်းမခံပဲ ထွက်ပြေးသွားသောကြောင့် လိုက်လံဖမ်းဆီးရာ လမ်းတစ်လျှောက် ပြည်သူများ အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့ကြောင်းသိရသည်။

ရွှေအတု လာရောက်ရောင်းချ သူမှာ ရေတာရှည်မြို့နယ် ကွန်းအုံကျေးရွာနေသူ မြင့်ထွန်းအောင်( ၃၆ )နှစ် ၊(ဘ ) ဦးအုန်းမြင့် ဆိုသူဖြစ်ပြီး ၊ အစ်မ ဝမ်းခွဲဖြစ်သူနှင့်အတူ လာရောက်ရောင်း ခြင်းဖြစ်ကြောင်းနှင့် ရွှေဆွဲကြိုး ၁ကျပ်သားဝန်းကျင်အား လာရောက်ရောင်းချခြင်းဖြစ်ကြောင်းလည်းသိရသည်။

” ယခုဆိုလျှင် ၂ကြိမ်သာ ရောင်းချဖူးပြီး ပထမ တစ်ကြိမ် ရွှေဆွဲကြိုးလာရောင်းသည်တွင် ၇ သိန်းဝန်းကျင်ရရှိခဲ့ပြီး၊ ယခုဆိုလျှင် ဒုတိယအကြိမ်ဖြစ်မြောက်ကာ ၊ အဆိုပါ ရွှေအတုလာရောက် ရောင်းချသူသည် မိသားစု သုံးယောက်ရှိပြီး သမီးငယ်လေးမှာ KG တက်နေသည့်အရွယ်သာဖြစ်ပြီး ၊နယ်ဝေးတွင် ပန်းရံ ၊လက်သမားအလုပ်လုပ်နေပြီး မြန်မာနိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားနေမှုအခြေအနေများကြောင့် နေရပ်သို့ ပြန်လည်ရောက်ရှိလာသည်မှာ ၄ ရက် ခန့်သာရှိသေးကြောင်း” ၄င်း၏ ထွက်ဆို​ချက် အရသိရသည်။

” ဘောက်ချာမပါဘဲ အလွတ်လာရောက် ရောင်းချခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်များမှ စီစစ်ခဲ့ရာ ရွှေအတုဖြစ်နေသောကြောင့် ဖမ်းဆီးခဲ့ရာ အဖမ်းမခံဘဲ နဂါးရုံ ဘုရားလမ်းအတိုင်းမြောက်ဘက်သို့ ထွက်ပြေးပြီး ၄င်းလမ်းမှတဆင့် ဦးပန်းဖြူလမ်းဘက် ၄င်းမှတဆင့် အမှတ် ၂ နယ်မြေရဲစခန်းနားတွင် ပြန်လည်းဖမ်းမိခဲ့ကြောင်း ” မျက်မြင်တွေ့ရှိသူ တစ်ဦးကဆိုသည်။

တောင်ငူမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း တောင်ငူမြို့ ၊ စျေးလမ်းရှိ ရွှေနန်းတော် ရွှေဆိုင်တွင်လည်း အမည်မသိ အမျိုးသားတစ်ဦးမှ ရွှေအတု ၅ ကျပ်သားဝန်းကျင်လာရောက်ရောင်ချသွားပြီး ပိုင်ရှင်များမှ စစ်ဆေးခဲ့ရာ ရွှေအတုဖြစ်ကြောင်းသိရှိပြီး အဆိုပါလာရောက် ရောင်းချသူမှာလည်း ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်းသိရသည်။

ရွှေအတုလိုက်လံရောင်းချနေသူများသည် အုပ်စုလိုက်ဖြစ်ကြပြီး ၊ အဆိုပါ ရွှေအတုလာရောက် ရောင်းချ၍ ဖမ်းဆီးရမိထားသော မြင့်ထွန်းအောင်အား တောင်ငူမြို့ အမှတ် ၂ နယ်မြေရဲစခန်းတွင် ဆက်လက်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

နေလင်းအောင်(တောင်ငူ)#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here