ဆိုင်ကယ်အား Light Truck ယာဉ်ဖြင့်ဝင်တိုက်မိရာ ၁ဦးသေ ၂ဦးဒဏ်ရာရ

743

ဆိုင်ကယ်အား Light Truck ယာဉ်ဖြင့်ဝင်တိုက်မိရာ ၁ဦးသေ ၂ဦးဒဏ်ရာရ

ဧပြီ (၂) AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

တောင်ငူမြို့ ၊ မြောက်ဘက် ( ၃ ) မိုင်ခန့်အကွာ ၊ ကံရိုးကျေးရွာ ၊ ရန်ကုန် -မန္တလေး လမ်းဟောင်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွါးကြောင်း သတင်းအရ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ ဧပြီလ ၂ ရက် မနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြကြောင်းသိရသည် ။

စစ်ဆေးချက်အရ ဧပြီ ၂ ရက် မနက် ၃နာရီခွဲအချိန် တောင်ငူမြို့ ၊ ကံရိုးကျေးရွာ ၊ ရန်ကုန် -မန္တလေးလမ်းဟောင်း မိုင်တိုင် ၁၆၁ /၂ နှင့် ၃ အကြားတွင် ရန်ကုန် -မန္တလေး လမ်းဟောင်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ဦးဝင်းမြင့် ( ၅၈ )နှစ် ၊တောင်ငူမြို့ ၊ ၆ရပ်ကွက် ၊ ၃ လမ်းနေသူမှာ Light Truck ယာဉ်အားမောင်းနှင်လာစဉ် လာရာတူ လမ်းအတိုင်း တောင်ငူမြို့နေ ၊ သက်ပိုင်ဦးမောင်းနှင်လာသော ဆိုင်ကယ်ယာဉ်သည် ရုတ်တရက် ရှေ့မှ ရပ်တန့်သွားသဖြင့် နောက်မှ ဝင်တိုက်မိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယင်းကဲ့သို့ နောက်မှ ဝင်တိုက်မိခဲ့သောကြောင့် ဆိုင်ကယ်ယာဉ်ပေါ်ပါ သက်ပိုင်ဦး ( ၂၉ )နှစ် ၊(ဘ) ဦးကျော်မြင့် ၊ ၁၃ ရပ်ကွက် ၊ ဦးမှန်းလမ်းနေသူမှာ ဝဲမျက်ခုံးဖူးရောင် ၊ ဝဲပါးစုတ်ပြဲ ၊ ယာပါးပွန်း ၊မေးစေ့ပွန်း ၊ ဝဲဒူးပွန်း ၊ခြေခုံပွန်း ဒဏ်ရာများရှိ အတွင်းလူနာ (စိုးရိမ်းရ ) ၊ မဝင်းနန္ဒာမြင့် (၂၃)နှစ် (ဘ)ဦးစိုးတင့် ၊ ၁၃ ရပ်ကွက် ၊ ဦးမှန်းလမ်းနေသူ ဝဲနှာဖူးစုတ်ပြဲ ၊ ဝဲတင်ပါးစုတ်ပြဲ ၊ ခြေကျင်းဝတ် ပွန်းပဲ့ အတွင်းလူနာ ( စိုးရိမ်ရ ) ၊ ဒေါ်ရွှေစင်ထွေး( ၃၂ )နှစ်၊(ဘ)ဦးချစ်ဖွယ် ၊ ၁၃ ရပ်ကွက် ၊ဦးမှန်းလမ်း နေသူ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရှေ့မှ ရုတ်တရက် ရပ်တန့်သွားသောဆိုင်ကယ်အား နောက်မှဝင်တိုက်မိပြီး လူသေဆုံးသွားသည််အတွက် Light Truck ယာဉ်မောင်း ဦးဝင်းမြင့်အား တောင်ငူမြို့မရဲစခန်းတွင် ယာဉ်(ပ )၂၄/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၃၈ / ၃၀၄ -က ဖြင့် အမှုဖွင့်ရေးယူထားကြောင်းသိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

(Zawgyi)

ဆိုင္ကယ္အား Light Truck ယာဥ္ျဖင့္ဝင္တိုက္မိရာ ၁ဦးေသ ၂ဦးဒဏ္ရာရ

ဧၿပီ (၂) AlinnMyay(အလင္းေျမ)#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

ေတာင္ငူၿမိဳ႕ ၊ ေျမာက္ဘက္ ( ၃ ) မိုင္ခန္႔အကြာ ၊ ကံရိုးေက်းရြာ ၊ ရန္ကုန္ -မႏၲေလး လမ္းေဟာင္းေပၚတြင္ ယာဥ္တိုက္မႈျဖစ္ပြါးေၾကာင္း သတင္းအရ တာဝန္ရွိသူမ်ားသည္ သက္ေသမ်ားႏွင့္အတူ ဧၿပီလ ၂ ရက္ မနက္ပိုင္းက သြားေရာက္စစ္ေဆးခဲ့ၾကေၾကာင္းသိရသည္ ။

စစ္ေဆးခ်က္အရ ဧၿပီ ၂ ရက္ မနက္ ၃နာရီခြဲအခ်ိန္ ေတာင္ငူၿမိဳ႕ ၊ ကံရိုးေက်းရြာ ၊ ရန္ကုန္ -မႏၲေလးလမ္းေဟာင္း မိုင္တိုင္ ၁၆၁ /၂ ႏွင့္ ၃ အၾကားတြင္ ရန္ကုန္ -မႏၲေလး လမ္းေဟာင္းအတိုင္း ေျမာက္မွေတာင္သို႔ ယာဥ္ေမာင္း ဦးဝင္းျမင့္ ( ၅၈ )ႏွစ္ ၊ေတာင္ငူၿမိဳ႕ ၊ ၆ရပ္ကြက္ ၊ ၃ လမ္းေနသူမွာ Light Truck ယာဥ္အားေမာင္းႏွင္လာစဥ္ လာရာတူ လမ္းအတိုင္း ေတာင္ငူၿမိဳ႕ေန ၊ သက္ပိုင္ဦးေမာင္းႏွင္လာေသာ ဆိုင္ကယ္ယာဥ္သည္ ႐ုတ္တရက္ ေရွ႕မွ ရပ္တန္႔သြားသျဖင့္ ေနာက္မွ ဝင္တိုက္မိခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

ယင္းကဲ့သို႔ ေနာက္မွ ဝင္တိုက္မိခဲ့ေသာေၾကာင့္ ဆိုင္ကယ္ယာဥ္ေပၚပါ သက္ပိုင္ဦး ( ၂၉ )ႏွစ္ ၊(ဘ) ဦးေက်ာ္ျမင့္ ၊ ၁၃ ရပ္ကြက္ ၊ ဦးမွန္းလမ္းေနသူမွာ ဝဲမ်က္ခုံးဖူးေရာင္ ၊ ဝဲပါးစုတ္ျပဲ ၊ ယာပါးပြန္း ၊ေမးေစ့ပြန္း ၊ ဝဲဒူးပြန္း ၊ေျခခုံပြန္း ဒဏ္ရာမ်ားရွိ အတြင္းလူနာ (စိုးရိမ္းရ ) ၊ မဝင္းနႏၵာျမင့္ (၂၃)ႏွစ္ (ဘ)ဦးစိုးတင့္ ၊ ၁၃ ရပ္ကြက္ ၊ ဦးမွန္းလမ္းေနသူ ဝဲႏွာဖူးစုတ္ျပဲ ၊ ဝဲတင္ပါးစုတ္ျပဲ ၊ ေျခက်င္းဝတ္ ပြန္းပဲ့ အတြင္းလူနာ ( စိုးရိမ္ရ ) ၊ ေဒၚေရႊစင္ေထြး( ၃၂ )ႏွစ္၊(ဘ)ဦးခ်စ္ဖြယ္ ၊ ၁၃ ရပ္ကြက္ ၊ဦးမွန္းလမ္း ေနသူ ဦးေခါင္းေနာက္ေစ့ေပါက္ျပဲဒဏ္ရာ ျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေရွ႕မွ ႐ုတ္တရက္ ရပ္တန္႔သြားေသာဆိုင္ကယ္အား ေနာက္မွဝင္တိုက္မိၿပီး လူေသဆုံးသြားသည္္အတြက္ Light Truck ယာဥ္ေမာင္း ဦးဝင္းျမင့္အား ေတာင္ငူၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ )၂၄/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၃၈ / ၃၀၄ -က ျဖင့္ အမႈဖြင့္ေရးယူထားေၾကာင္းသိရသည္။

ေနလင္းေအာင္(ေတာင္ငူ) #AlinnMyay(အလင္းေျမ)#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here