ဖခင်အရင်းမှ သားမယားအဖြစ်ပြုကျင့်ခဲ့သည်ဟုဆိုကာ သမီးကိုယ်တိုင်က အမှုဖွင့်

499

ဖခင်အရင်းမှ သားမယားအဖြစ်ပြုကျင့်ခဲ့သည်ဟုဆိုကာ သမီးဖြစ်သူမှ အမှုဖွင့်တိုင်တန်း

ဧပြီ (၁) AlinnMyay(အလင်းမြေ)

ဖခင်အရင်းမှ သားမယားအဖြစ်ပြုကျင့်ခဲ့သည်ဟုဆိုကာ သမီးဖြစ်သူမှ အမှုဖွင့်တိုင်တန်းခဲ့သည့်ဖြစ်စဉ်တစ်ခု တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ဧပြီလ ၁ ရက်နေ့က ဖြစ်ပွါးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာအုပ်စု ၊ တောင်ဝင်းကုန်းကျေးရွာနေ မ ——–( ၂၂ )နှစ်သည် ဧပြီလ ၁ ရက် မနက် ၁နာရီ ဝန်းကျင်က ညီမဖြစ်သူနှင့်အတူအိပ်နေစဉ် လူတစ်ဦးတပ်ခွလာသောကြောင့်လန့်နိုးပြီး ကြည့်လိုက်ရာ ဖခင်ဖြစ်နေကြောင်းသိရသောကြောင့် မိမိအိပ်ရာသို့ပြန်အိပ်ရန်ပြောခဲ့ရာ ဖခင်မှ အတူအိပ်ချင်ကြောင်းပြောလာသောကြောင့် အိပ်လို့မရကြောင်းပြောဆိုလိုက်ရာ အိမ်ပေါ်မှဆင်းသွားပြီး ခဏအကြာတွင် ပြန်လာရောက်ရှိလာပြီး အလိုမတူ သားမယားအဖြစ် (၁၀ )မီးနစ်ခန့်ပြုကျင့် ပြီး တခြားသူများအားပြန်ပြောပါက သတ်ပြစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သမီးဖြစ်သူ၏ တိုင်ကြားစာအရသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မလိုမတူ သမီးအရင်းအား သားမယားပြုကျင့်ခဲ့သော ဝင်းနိုင်စိုး( ၄၉ )နှစ်အား အုတ်တွင်းမြို့မရဲစခန်းတွင် ( ပ)၁၈၃ /၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြစ်အမှုဖွင့် စစ်ဆေးဆောင်ရွက်ထားကြောင်းသိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

(Zawgyi)

ဖခင္အရင္းမွ သားမယားအျဖစ္ျပဳက်င့္ခဲ့သည္ဟုဆိုကာ သမီးျဖစ္သူမွ အမႈဖြင့္တိုင္တန္း

ဧၿပီ (၁) AlinnMyay(အလင္းေျမ)

ဖခင္အရင္းမွ သားမယားအျဖစ္ျပဳက်င့္ခဲ့သည္ဟုဆိုကာ သမီးျဖစ္သူမွ အမႈဖြင့္တိုင္တန္းခဲ့သည့္ျဖစ္စဥ္တစ္ခု ေတာင္ငူခရိုင္ အုတ္တြင္းၿမိဳ႕နယ္တြင္ ဧၿပီလ ၁ ရက္ေန႔က ျဖစ္ပြါးခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ေတာင္ငူခရိုင္ ၊ အုတ္တြင္းၿမိဳ႕နယ္ ၊ ေညာင္ပင္ႀကီးေက်းရြာအုပ္စု ၊ ေတာင္ဝင္းကုန္းေက်းရြာေန မ ——–( ၂၂ )ႏွစ္သည္ ဧၿပီလ ၁ ရက္ မနက္ ၁နာရီ ဝန္းက်င္က ညီမျဖစ္သူႏွင့္အတူအိပ္ေနစဥ္ လူတစ္ဦးတပ္ခြလာေသာေၾကာင့္လန္႔နိုးၿပီး ၾကည့္လိုက္ရာ ဖခင္ျဖစ္ေနေၾကာင္းသိရေသာေၾကာင့္ မိမိအိပ္ရာသို႔ျပန္အိပ္ရန္ေျပာခဲ့ရာ ဖခင္မွ အတူအိပ္ခ်င္ေၾကာင္းေျပာလာေသာေၾကာင့္ အိပ္လို႔မရေၾကာင္းေျပာဆိုလိုက္ရာ အိမ္ေပၚမွဆင္းသြားၿပီး ခဏအၾကာတြင္ ျပန္လာေရာက္ရွိလာၿပီး အလိုမတူ သားမယားအျဖစ္ (၁၀ )မီးနစ္ခန္႔ျပဳက်င့္ ၿပီး တျခားသူမ်ားအားျပန္ေျပာပါက သတ္ျပစ္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း သမီးျဖစ္သူ၏ တိုင္ၾကားစာအရသိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး မလိုမတူ သမီးအရင္းအား သားမယားျပဳက်င့္ခဲ့ေသာ ဝင္းနိုင္စိုး( ၄၉ )ႏွစ္အား အုတ္တြင္းၿမိဳ႕မရဲစခန္းတြင္ ( ပ)၁၈၃ /၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖစ္အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ထားေၾကာင္းသိရသည္။

ေနလင္းေအာင္(ေတာင္ငူ) #AlinnMyay(အလင္းေျမ)
#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here