အရက်မူးနေသူမှ ဆိုင်ကယ်စီးလာသူ နှစ်ဦးအား ဓာတ်ဆီဗူးဖြင့် ပစ်ပေါက်ရာ ဆိုင်ကယ် မီးလောင်

748

အရက်မူးနေသူမှ ဆိုင်ကယ်စီးလာသူ နှစ်ဦးအား ဓာတ်ဆီဗူးဖြင့် ပစ်ပေါက်ရာ ဆိုင်ကယ် မီးလောင်

မတ်(၂၉) AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်၊ ၇၂ လမ်း၊ ၃၇ လမ်းထောင့်တွင် အမျိုးသားတစ်ဦးမှ ဆိုင်ကယ်အား ဓာတ်ဆီဗူးဖြင့် ပစ်ပေါက်ရာ ဆိုင်ကယ် အိတ်ဇောကို ထိမှန်ပြီး မီးလောင်မှုဖြစ်ကာ ဆိုင်ကယ်စီးလာသူ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ဒဏ်ရာရရှိသောလူနာအား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၂၀၂၀ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် တရားလိုဦးနိုင်ဝင်း နေအိမ်သို့ ရှိနေစဉ် သားဖြစ်သူ မောင်သက်မောင်မောင်ကျော်နှင့် ၄င်း၏ သူငယ်ချင်းဖြစ်သူ မဟန်နီထွန်းတို့မှ ဆိုင်ကယ်ဖြင့် ၇၂ လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် အရက်မူးနေသူ အမည်မသိလူတစ်ဦးမှ မီးလောင်ကျွမ်းစေသော ဓာတ်ဆီဗူးဖြင့် ဆိုင်ကယ်အား ပစ်ပေါက်ခဲ့ရ ဆိုင်ကယ်အိတ်ဇောကို ထိမှန်ပြီး မီးလောင်ခဲ့ကြောင်းနှင့် ဆိုင်ကယ်မီးလောင်မှုကြောင့် မောင်သက်မောင်မောင်ကျော်သည် ညာခြေ၊ ညာလက်၊ ဘယ်ခြေ၊ ဘယ်လက်တို့တွင် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) နှင့် ၄င်း၏ သူငယ်ချင်းဖြစ်သူ မဟန်နီထွန်း သည်လည်း ခြေဖျားနှစ်ဖက်၊ ညာဖက်ဒူးနှင့် ညာလက်တို့တွင် မီးလောင်ဒဏ်ရာ (မစိုရိမ်ရ) တို့ ရရှိကာ မီးလောင်မှုကြောင့် ဆိုင်ကယ် ဆိုက်ကယ် ကာဗာများအနည်းငယ် မီးလောင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဆိုက်ကယ်အား မီးလောင်စေသော ဓာတ်ဆီဗူးဖြင့် ပစ်ပေါက်ခဲ့သူသည် သူရိန်(ခ) ဟိန်ထက်နိုင်ဖြစ်ကြောင်း သိရှိခဲ့ရပြီး အဆိုပါ သူရိန်(ခ)ဟိန်းထက်နိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်နေသူအား နယ်မြေရဲစခန်းမှ (ပ)၂၈၁/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ မ-၃၂၆/၄၃၅ ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်နေကြောင်းသိရသည်။

မန္တလေးရင်ခတ်သံ #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

(Zawgyi)

အရက္မူးေနသူမွ ဆိုင္ကယ္စီးလာသူ ႏွစ္ဦးအား ဓာတ္ဆီဗူးျဖင့္ ပစ္ေပါက္ရာ ဆိုင္ကယ္ မီးေလာင္

မတ္(၂၉) AlinnMyay(အလင္းေျမ)
#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္ မဟာႏြယ္စဥ္ရပ္ကြက္၊ ၇၂ လမ္း၊ ၃၇ လမ္းေထာင့္တြင္ အမ်ိဳးသားတစ္ဦးမွ ဆိုင္ကယ္အား ဓာတ္ဆီဗူးျဖင့္ ပစ္ေပါက္ရာ ဆိုင္ကယ္ အိတ္ေဇာကို ထိမွန္ၿပီး မီးေလာင္မႈျဖစ္ကာ ဆိုင္ကယ္စီးလာသူ မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္းသိရသည္။
အဆိုပါ ဒဏ္ရာရရွိေသာလူနာအား မႏၲေလးေဆးရံုႀကီးသို႔ ပို႔ေဆာင္ထားၿပီးျဖစ္ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ၂၀၂၀ ခုႏွစ္ မတ္လ ၂၈ ရက္ေန႔တြင္ တရားလိုဦးႏုိင္ဝင္း ေနအိမ္သို႔ ရွိေနစဥ္ သားျဖစ္သူ ေမာင္သက္ေမာင္ေမာင္ေက်ာ္ႏွင့္ ၄င္း၏ သူငယ္ခ်င္းျဖစ္သူ မဟန္နီထြန္းတို႔မွ ဆိုင္ကယ္ျဖင့္ ၇၂ လမ္းအတိုင္း ေတာင္မွ ေျမာက္သို႔ ေမာင္းႏွင္လာစဥ္ အရက္မူးေနသူ အမည္မသိလူတစ္ဦးမွ မီးေလာင္ကၽြမ္းေစေသာ ဓာတ္ဆီဗူးျဖင့္ ဆိုင္ကယ္အား ပစ္ေပါက္ခဲ့ရ ဆိုင္ကယ္အိတ္ေဇာကို ထိမွန္ၿပီး မီးေလာင္ခဲ့ေၾကာင္းႏွင့္ ဆိုင္ကယ္မီးေလာင္မႈေၾကာင့္ ေမာင္သက္ေမာင္ေမာင္ေက်ာ္သည္ ညာေျခ၊ ညာလက္၊ ဘယ္ေျခ၊ ဘယ္လက္တို႔တြင္ မီးေလာင္ဒဏ္ရာ(မစိုးရိမ္ရ) ႏွင့္ ၄င္း၏ သူငယ္ခ်င္းျဖစ္သူ မဟန္နီထြန္း သည္လည္း ေျခဖ်ားႏွစ္ဖက္၊ ညာဖက္ဒူးႏွင့္ ညာလက္တို႔တြင္ မီးေလာင္ဒဏ္ရာ (မစိုရိမ္ရ) တို႔ ရရွိကာ မီးေလာင္မႈေၾကာင့္ ဆိုင္ကယ္ ဆိုက္ကယ္ ကာဗာမ်ားအနည္းငယ္ မီးေလာင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္တြင္ ဆုိက္ကယ္အား မီးေလာင္ေစေသာ ဓာတ္ဆီဗူးျဖင့္ ပစ္ေပါက္ခဲ့သူသည္ သူရိန္(ခ) ဟိန္ထက္ႏုိင္ျဖစ္ေၾကာင္း သိရွိခဲ့ရၿပီး အဆိုပါ သူရိန္(ခ)ဟိန္းထက္ႏုိင္၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာႏြယ္စဥ္ရပ္ကြက္ေနသူအား နယ္ေျမရဲစခန္းမွ (ပ)၂၈၁/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ မ-၃၂၆/၄၃၅ ျဖင့္ ဖမ္းဆီးအေရးယူေဆာင္ရြက္ေနေၾကာင္းသိရသည္။

မႏၲေလးရင္ခတ္သံ #AlinnMyay(အလင္းေျမ)
#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here