ကျောက်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာတွင် ဖုန်းငွေဖြည့်ကဒ်နှင့် ပစ္စည်းများခိုးယူသူအားဖမ်းဆီးရမိ

660

ကျောက်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာတွင် ဖုန်းငွေဖြည့်ကဒ်နှင့် ပစ္စည်းများခိုးယူသူအားဖမ်းဆီးရမိ

မတ်(၂၈)AlinnMyay(အလင်းမြေ)
#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

ပဲခူးတိုင်းဒေသကြီးကျောက်ကြီးမြို့နယ်နတ်သံကွင်းကျေးရွာအုပ်စုတံခွန်တိုင်ရွာ(၂)ရပ်ကွက်နေကိုဟန်ပိုထူး(ဈေးရောင်း)သူမှ၎င်း၏ဈေးဆိုင်တွင်ရောင်းချလျှက်ရှိသောအမ်ပီတီဖုန်းငွေဖြည့်ကဒ်၁ဝဝဝတန်၄ရကဒ်တယ်လီနောဖုန်းငွေဖြည့်ကဒ်၁ဝဝဝတန်၃၈ကဒ်ငွေကြေးရောရာ၁၇၃၅ဝဝကျပ်တိတိနှင့် အတူအအေးဗူးများပျောက်ဆုံးနေကြောင်းတွေ့ရှိရ၍နတ်သံကွင်းနယ်မြေရဲစခန်းသို့လာရောက်တိုင်တန်းခဲ့ကြောင်းသိရှိရသည်။

အခင်းဖြစ်ရပ်သို့ဒုရဲအုပ်မင်းမင်းဦးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များကသက်သေများနဲ့အတူ၎င်းဆိုင်တွင်တပ်ဆင်ထားသောလုံခြုံရေးကင်မရာအားစစ်ဆေးကြည့်ရှုပြီးလိုက်လံစုံစမ်းရာခိုးယူသူမှာနတ်သံကွင်း(၃)ရပ်ကွက်နေသက်လင်ဦး(၁၈)နှစ်ဖြစ်ကြောင်းသိရှိရ၍ခေါ်ယူစစ်မေးရာ၎င်းအားသက်သေခံခိုးရာပါ‌ပစ္စည်းနဲ့အတူတွေ့ရှိရပြီးဆိုင်အတွင်းဝင်ရောက်ခိုးယူသည့်ပစ္စည်းတန်ဘိုးမှာစုစုပေါင်း၂၅၈၅ဝဝကျပ်ဖြစ်ကြောင်းရဲမှတ်တမ်းအရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍သက်လင်းဦးအားနတ်သံကွင်းနယ်မြေရဲစခန်းမှရာဇသတ်ကြီးဥပဒေပုဒ်မ၃၈ဝဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

(Zawgyi)



ပဲခူးတိုင်းဒေသကြီးကျောက်ကြီးမြို့နယ်နတ်သံကွင်းကျေးရွာအုပ်စုတံခွန်တိုင်ရွာ(၂)ရပ်ကွက်နေကိုဟန်ပိုထူး(ဈေးရောင်း)သူမှ၎င်း၏ဈေးဆိုင်တွင်ရောင်းချလျှက်ရှိသောအမ်ပီတီဖုန်းငွေဖြည့်ကဒ်၁၀၀၀တန်၄၇ကဒ်တယ်လီနောဖုန်းငွေဖြည့်ကဒ်၁၀၀၀တန်၃၈ကဒ်ငွေကြေးရောရာ၁၇၃၅၀၀ကျပ်တိတိနှင့် အတူအအေးဗူးများပျောက်ဆုံးနေကြောင်းတွေ့ရှိရ၍နတ်သံကွင်းနယ်မြေရဲစခန်းသို့လာရောက်တိုင်တန်းခဲ့ကြောင်းသိရှိရသည်။




LEAVE A REPLY

Please enter your comment!
Please enter your name here