စက်ဘီးစီးလာသူအား ရပ်တန့်စစ်ဆေးရာ မူးယစ်ဆေးပြား (၁၆၅ )ပြား ဖမ်းဆီးရမိ

1089

စက်ဘီးစီးလာသူအား ရပ်တန့်စစ်ဆေးရာ မူးယစ်ဆေးပြား (၁၆၅ )ပြား ဖမ်းဆီးရမိ

မတ်(၂၆)AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

တောင်ငူမြို့ ၊ ၁၄ ရပ်ကွက် ၊ မြစည်းခုံ ဘုရားအရှေ့မုဒ် ၊ တပင်ရွှေထီးလမ်းပေါ်တွင် မတ်လ ၂၅ ရက် ည ၇ နာရီ ဝန်းကျင်းက စျေးလမ်းမှ တပင်ရွှေထီးလမ်းဘက်သို့ စက်ဘီးနင်းလာသူ ဇော်ဇော်အောင် ( ခ) ကုလားလေးအား တာဝန်ရှိသူများမှ သက်သေများနှင့်အတူ ရပ်တန့် စစ်ဆေးရှာဖွေခဲ့ကြကြောင်းသိရသည်။

ယင်းသို့ စစ်ဆေးရှာဖွေခဲ့ရာ ဇော်ဇော်အောင် ( ခ) ကုလားလေး( ၁၉ )နှစ် ၊(ဘ) ဦးဇော်ဝမ်း ၊ ဇေယျသုခလမ်း ( ၁၆ )ရပ်ကွက် တောင်ငူမြို့ နေသူ ဝတ်ဆင်ထားသော ဘောင်းဘီတို ဝဲဘက်အိတ်ကပ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ( ၁၆၅ )ပြားအားတွေ့သိမ်းခဲ့ကြ​ကြောင်းသိရသည်။

၄င်း၏ ထွက်ဆိုချက်အရ တောင်ငူမြို့ ၊ စျေးလမ်းရှိ စိုစိုး ( ၅၅ )နှစ် ၊(ဘ) ဦးတင်အောင် ၊စျေးလမ်း ( ၁၃ )ရပ်ကွက် ၊ တောင်ငူမြို့ နေသူထံမှ ( ၂၀၀ )ပြားပါ ဆေးပြား( ၁)ထုတ်အား ကျပ်ငွေ ၁၅၀၀၀၀ိ/ ကျပ်ဖြင့် ဝယ်ယူခဲ့ကြောင်းသိရသော​သောကြောင့် စိုးစိုး နေအိမ်အား သက်သေများနှင့်အတူ ဆက်လက်ရှာဖွေခဲ့ကြကြောင်းသိရသည်။

ဆက်လက်ရှာဖွေရာ စိုးစိုး၏ စျေးဆိုင်အတွင်း ပစ္စည်းများထားရှိသော ဗီဒိုပေါ်တွင် ပလပ်စတစ်ဖြင့် ထုတ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ( ၇ )ပြား တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်းသိရသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇော်ဇော်အောင်(ခ)ကုလားလေး နှင့် စိုးစိုး တို့အား တောင်ငူမြို့ အမှတ် ( ၂ )နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

နေလင်းအောင် (တောင်ငူ) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

(Zawgyi)



တောင်ငူမြို့ ၊ ၁၄ ရပ်ကွက် ၊ မြစည်းခုံ ဘုရားအရှေ့မုဒ် ၊ တပင်ရွှေထီးလမ်းပေါ်တွင် မတ်လ ၂၅ ရက် ည ၇ နာရီ ဝန်းကျင်းက ဈေးလမ်းမှ တပင်ရွှေထီးလမ်းဘက်သို့ စက်ဘီးနင်းလာသူ ဇော်ဇော်အောင် ( ခ) ကုလားလေးအား တာဝန်ရှိသူများမှ သက်သေများနှင့်အတူ ရပ်တန့် စစ်ဆေးရှာဖွေခဲ့ကြကြောင်းသိရသည်။


၎င်း၏ ထွက်ဆိုချက်အရ တောင်ငူမြို့ ၊ ဈေးလမ်းရှိ စိုစိုး ( ၅၅ )နှစ် ၊(ဘ) ဦးတင်အောင် ၊ဈေးလမ်း ( ၁၃ )ရပ်ကွက် ၊ တောင်ငူမြို့ နေသူထံမှ ( ၂၀၀ )ပြားပါ ဆေးပြား( ၁)ထုတ်အား ကျပ်ငွေ ၁၅၀၀၀၀ိ/ ကျပ်ဖြင့် ဝယ်ယူခဲ့ကြောင်းသိရသော​သောကြောင့် စိုးစိုး နေအိမ်အား သက်သေများနှင့်အတူ ဆက်လက်ရှာဖွေခဲ့ကြကြောင်းသိရသည်။

ဆက်လက်ရှာဖွေရာ စိုးစိုး၏ ဈေးဆိုင်အတွင်း ပစ္စည်းများထားရှိသော ဗီဒိုပေါ်တွင် ပလပ်စတစ်ဖြင့် ထုတ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ( ၇ )ပြား တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်းသိရသည်။



LEAVE A REPLY

Please enter your comment!
Please enter your name here