တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာတွင် လူငယ်တစ်ဦး မိမိကိုယ်ကြိုဆွဲချသေဆုံး

729

တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာတွင် လူငယ်တစ်ဦး မိမိကိုယ်ကြိုဆွဲချသေဆုံး

မတ်(၂၅)AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

တောင်ငူမြို့ နယ် ၊ ကမ်းနီကျေးရွာတွင် မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က လူငယ်တစ်ဦး ကြိုးဆွဲချ သေးဆုံးနေကြောင်း သတင်းအရ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြကြောင်းသိရသည် ။

စစ်ဆေးချက်အရ တောင်ငူမြို့နယ် ၊ ကမ်းနီကျေးရွာနေ ဇင်လင်းဦး( ခ) အကြီးကောင် ( ၂၀ )နှစ် ၊ ( ဘ) ဦးပေါ်ဦးသည် အိမ်ပေါ်နောက်ဘက်ခန်းရှိ ထုတ်တန်းအားကြိုးဖြင့်ချီကာ ကြိုဆွဲချ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိကြောင်း မှတ်တမ်းများအရ သိရသည် ။

ယင်းနောက် ထုတ်တန်းတွင် ကြိုးတန်းလန်းဖြင့် သေဆုံးနေသော အလောင်းအား မိသားစုဝင် တစ်ဦးမှ ကြိုးအားဖြတ်ချပြီး နေအိမ်ရှေ့ခန်းသို့သယ်မခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့​ရသည်ဟု ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇင်လင်းဦး( ခ) အကြီးကောင် သေဆုံးခြင်းသည် ဓမ္မတာအတိုင်း ဟုတ်/မဟုတ် တောင်ငူမြို့ အမှတ် ( ၃ )နယ်မြေရဲစခန်းတွင် သေမှုသေခင်းရေးဖွင့် ဆောင်ရွက်ထားကြောင်းသိရသည်။

မန္တလေးရင်ခတ်သံ #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here