ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ကိုယ်အပူရှိန်မြင့်မားနေသည့် အမျိုးသမီးလူနာ(၁)ဦး ထပ်မံရောက်ရှိ

1061

ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ကိုယ်အပူရှိန်မြင့်မားနေသည့် အမျိုးသမီးလူနာ(၁)ဦး ထပ်မံရောက်ရှိ

မတ်(၂၅)AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ကိုယ်အပူရှိန်မြင့်မားနေသည့် အမျိုးသမီးလူနာ(၁)ဦး ထပ်မံရောက်ရှိကာ သံသယစောင့်ကြည့်လူနာအဖြစ်စုစုပေါင်း(၃)ဦးရှိနေ
ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးပြွန်တန်ဆာတိုက်နယ်ဆေးရုံတွင်မတ် ၂၅ ရက်နေ့က အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ ကပ်ရောဂါ သံသယ စောင့်ကြည့်လူနာ(၁) ဦးထပ်မံရောက်ရှိလာသဖြင့် ပြွန်တန်ဆာတိုက်နယ် ဆေးရုံ ဆရာဝန် ဒေါက်တာ ကျော်စောဝင်းမောင် မှ ဆေးရုံဝင်းအတွင်းရှိ သီးသန့်ဆောင် တွင် သံသယစောင့်ကြည့်လူနာအဖြစ်‌ဆေးကုသမှုထားရှိကြောင်းသိရသည်။

အဆိုပါ အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ သံသယ စောင့်ကြည့်လူနာမှာ မချမ်းမြေ့ ၃၄ နှစ် စံဒွန်းကုန်း၊ မြို့မ ၄ ရပ်ကွက်၊ ပြွန်တန်ဆာမြို့နေသူဖြစ်ပြီး ၂.-၂.-၂၀၂၀ ရက်နေ့တွင် မြဝတီမှ စဒွန်းကုန်း နေအိမ်သို့ ပြန်လည်ရောက်ရှိကာ ၁၅.၃.၂၀၂၀ ရက်နေ့မှစတင်၍ ဖျားနာခြင်း ချောင်းဆိုးခြင်း များရှိနေသဖြင့် ပြွန်တန်ဆာမြို့ ပေါ်ရှိ ပုဂ္ဂလိကဆေးခန်းတွင် ဆေးကုသရာမှ မသက်သာသဖြင့် ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဆေးရုံရောက်ရှိချိန်တွင် ၎င်း၏ကိုယ်အပူချိန် သည် ၁၀၃ ဒီဂရီ ဖာရင်ဟိုက်ရှိပြီး တိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာ ကျော်စောဝင်းမောင်မှ မချမ်းမြေ့အား ဓါတ်မှန်ရိုက်စစ်ဆေးကြည့်ရာ အဆုတ်တစ်ခြမ်းပျက်ဆီးနေသည့်လက္ခဏာတွေ့ရှိရ သဖြင့် သံသယ စောင့်ကြည့်လူနာအဖြစ် ‌ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရသည်။

ခုလက်ရှိဆေးရုံတွင် သံသယ စောင့်ကြည့်လူနာအဖြစ်(၃)ဦးရှိပြီးကျော်လင်းထွန်း ဟိန်းဖြိုးလင်းနှင့် မချမ်းမြေ့ တို့ (၃) ဦး၏ နှာရည်များအား တို့ပတ်ဖြင့် နမူနာများရယူကာ ကပ်ရောဂါ ပိုး ရှိ/မရှိ ဓါတ်ခွဲစမ်းသပ် စစ်ဆေးရန် ပေးပို့ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

(Zawgyi)

ႁပြန္တန္ဆာတိုက္နယ္ေဆး႐ုံသို႔ ကိုယ္အပူရွိန္ျမင့္မားေနသည့္ အမ်ိဳးသမီးလူနာ(၁)ဦး ထပ္မံေရာက္ရွိ

မတ္(၂၅)AlinnMyay(အလင္းေျမ) #ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

ႁပြန္တန္ဆာတိုက္နယ္ေဆး႐ုံသို႔ ကိုယ္အပူရွိန္ျမင့္မားေနသည့္ အမ်ိဳးသမီးလူနာ(၁)ဦး ထပ္မံေရာက္ရွိကာ သံသယေစာင့္ၾကည့္လူနာအျဖစ္စုစုေပါင္း(၃)ဦးရွိေန
ေၾကာင္းသိရသည္။

ပဲခူးတိုင္းေဒသႀကီးႁပြန္တန္ဆာတိုက္နယ္ေဆး႐ုံတြင္မတ္ ၂၅ ရက္ေန႔က အသက္ရႉလမ္းေၾကာင္းဆိုင္ရာ အဆုတ္ေရာင္ေရာဂါ ကပ္ေရာဂါ သံသယ ေစာင့္ၾကည့္လူနာ(၁) ဦးထပ္မံေရာက္ရွိလာသျဖင့္ ႁပြန္တန္ဆာတိုက္နယ္ ေဆး႐ုံ ဆရာဝန္ ေဒါက္တာ ေက်ာ္ေစာဝင္းေမာင္ မွ ေဆး႐ုံဝင္းအတြင္းရွိ သီးသန႔္ေဆာင္ တြင္ သံသယေစာင့္ၾကည့္လူနာအျဖစ္‌ေဆးကုသမႈထားရွိေၾကာင္းသိရသည္။

အဆိုပါ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ အဆုတ္ေရာင္ေရာဂါ သံသယ ေစာင့္ၾကည့္လူနာမွာ မခ်မ္းေျမ့ ၃၄ ႏွစ္ စံဒြန္းကုန္း၊ ၿမိဳ႕မ ၄ ရပ္ကြက္၊ ႁပြန္တန္ဆာၿမိဳ႕ေနသူျဖစ္ၿပီး ၂.-၂.-၂၀၂၀ ရက္ေန႔တြင္ ျမဝတီမွ စဒြန္းကုန္း ေနအိမ္သို႔ ျပန္လည္ေရာက္ရွိကာ ၁၅.၃.၂၀၂၀ ရက္ေန႔မွစတင္၍ ဖ်ားနာျခင္း ေခ်ာင္းဆိုးျခင္း မ်ားရွိေနသျဖင့္ ႁပြန္တန္ဆာၿမိဳ႕ ေပၚရွိ ပုဂၢလိကေဆးခန္းတြင္ ေဆးကုသရာမွ မသက္သာသျဖင့္ ႁပြန္တန္ဆာတိုက္နယ္ေဆး႐ုံသို႔ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း ေဆး႐ုံေရာက္ရွိခ်ိန္တြင္ ၎၏ကိုယ္အပူခ်ိန္ သည္ ၁၀၃ ဒီဂရီ ဖာရင္ဟိုက္ရွိၿပီး တိုက္နယ္ေဆး႐ုံဆရာဝန္ ေဒါက္တာ ေက်ာ္ေစာဝင္းေမာင္မွ မခ်မ္းေျမ့အား ဓါတ္မွန္ရိုက္စစ္ေဆးၾကည့္ရာ အဆုတ္တစ္ျခမ္းပ်က္ဆီးေနသည့္လကၡဏာေတြ႕ရွိရ သျဖင့္ သံသယ ေစာင့္ၾကည့္လူနာအျဖစ္ ‌ေဆးကုသမႈခံယူလၽွက္ရွိေၾကာင္းသိရသည္။

ခုလက္ရွိေဆး႐ုံတြင္ သံသယ ေစာင့္ၾကည့္လူနာအျဖစ္(၃)ဦးရွိၿပီးေက်ာ္လင္းထြန္း ဟိန္းၿဖိဳးလင္းႏွင့္ မခ်မ္းေျမ့ တို႔ (၃) ဦး၏ ႏွာရည္မ်ားအား တို႔ပတ္ျဖင့္ နမူနာမ်ားရယူကာ ကပ္ေရာဂါ ပိုး ရွိ/မရွိ ဓါတ္ခြဲစမ္းသပ္ စစ္ေဆးရန္ ေပးပို႔ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

ကိုမ်ိဳး(ေညာင္ေလးပင္) #AlinnMyay(အလင္းေျမ) #ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here