ဝက်လက်မြို့နယ်တွင် မလေးရှားနိုင်ငံမှပြန်လာသူ အမျိုးသားတစ်ဦးအား စောင့်ကြည့်ကုသရေးကော်မတီမှ နေ့စဉ်စောင့်ကြည့်မှုများ ပြုလုပ်နေ

571

ဝက်လက်မြို့နယ်တွင် မလေးရှားနိုင်ငံမှပြန်လာသူ အမျိုးသားတစ်ဦးအား စောင့်ကြည့်ကုသရေးကော်မတီမှ နေ့စဉ်စောင့်ကြည့်မှုများ ပြုလုပ်နေ

မတ်(၂၅)AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

ဝက်လက်မြို့နယ်၊ ညောင်ပင်တွင်းကျေးရွာနေ မောင်… ၂၆နှစ်သည် အမရပူရမြို့နယ်၊ ကြည့်မြင်တိုင်ကျေးရွာအုပ်စု၊ မြင်တော်ကျေးရွာနေ ဦးလေးဖြစ်သူ နေအိမ်သို့ (၂၃-၃-၂၀၂၀)ရက်နေ့တွင် အလည်အပတ်‌လာရောက်သွားကြောင်းနှင့် အဆိုပါ မောင်…. သည် မလေးရှားနိုင်ငံမှ ပြန်လာသူတဦးဖြစ်ကြောင်း မြင်တော်ကျေးရွာ ရာအိမ်မှူး ဦးကျော်ဆန်းဝင်း၏ တင်ပြချက်အရ (၂၄-၃-၂၀၂၀)ရက်နေ့ နံနက် (၀၈၀၀)နာရီအချိန်တွင် ကျေးရွာအုပ်စု ကိုရိုနာ ရောဂါစောင့်ကြည့်ကုသရေးအဖွဲ့မှ အိမ်ရှင် ဦးမြလွင်နေအိမ်သို့ သွားရောက်စစ်ဆေးမေးမြန်းပြီး ကျန်းမာရေးစစ်ဆေးပေးခဲ့ပါကြောင်း သိရသည်။

အဆိုပါ မောင်…. သည် မလေးရှားနိုင်ငံမှ ပြန်လာသည်မှာ တလခန့်ရှိပြီးဖြစ်ပါကြောင်းနှင့် ဝက်လက်မြို့နယ်မှခေတ္တခဏ အလည်လာရောက်ပြီး ပြန်သွားခြင်းဖြစ်ပါကြောင်း အိမ်ရှင်မိသားစုပြောကြားချက်အရသိရှိရပါသည်။

မြင်တော်ကျေးရွာနေ အိမ်ရှင် ဦးမြလွင်၏ မိသားစုအား ကျေးရွာ ကိုရိုနာ စောင့်ကြည့်ကုသရေးကော်မတီမှ နေ့စဉ်စောင့်ကြည့်ပြီး ဆေးကုသမှု့များပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးရင်ခတ်သံ #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

(Zawgyi)

ဝက္လက္ၿမိဳ႕နယ္တြင္ မေလးရွားနိုင္ငံမွျပန္လာသူ အမ်ိဳးသားတစ္ဦးအား ေစာင့္ၾကည့္ကုသေရးေကာ္မတီမွ ေန႔စဥ္ေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ေန

မတ္(၂၅)AlinnMyay(အလင္းေျမ) #ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

ဝက္လက္ၿမိဳ႕နယ္၊ ေညာင္ပင္တြင္းေက်းရြာေန ေမာင္… ၂၆ႏွစ္သည္ အမရပူရၿမိဳ႕နယ္၊ ၾကည့္ျမင္တိုင္ေက်းရြာအုပ္စု၊ ျမင္ေတာ္ေက်းရြာေန ဦးေလးျဖစ္သူ ေနအိမ္သို႔ (၂၃-၃-၂၀၂၀)ရက္ေန႔တြင္ အလည္အပတ္‌လာေရာက္သြားေၾကာင္းႏွင့္ အဆိုပါ ေမာင္…. သည္ မေလးရွားနိုင္ငံမွ ျပန္လာသူတဦးျဖစ္ေၾကာင္း ျမင္ေတာ္ေက်းရြာ ရာအိမ္မႉး ဦးေက်ာ္ဆန္းဝင္း၏ တင္ျပခ်က္အရ (၂၄-၃-၂၀၂၀)ရက္ေန႔ နံနက္ (၀၈၀၀)နာရီအခ်ိန္တြင္ ေက်းရြာအုပ္စု ကိုရိုနာ ေရာဂါေစာင့္ၾကည့္ကုသေရးအဖြဲ႕မွ အိမ္ရွင္ ဦးျမလြင္ေနအိမ္သို႔ သြားေရာက္စစ္ေဆးေမးျမန္းၿပီး က်န္းမာေရးစစ္ေဆးေပးခဲ့ပါေၾကာင္း သိရသည္။

အဆိုပါ ေမာင္…. သည္ မေလးရွားနိုင္ငံမွ ျပန္လာသည္မွာ တလခန႔္ရွိၿပီးျဖစ္ပါေၾကာင္းႏွင့္ ဝက္လက္ၿမိဳ႕နယ္မွေခတၱခဏ အလည္လာေရာက္ၿပီး ျပန္သြားျခင္းျဖစ္ပါေၾကာင္း အိမ္ရွင္မိသားစုေျပာၾကားခ်က္အရသိရွိရပါသည္။

ျမင္ေတာ္ေက်းရြာေန အိမ္ရွင္ ဦးျမလြင္၏ မိသားစုအား ေက်းရြာ ကိုရိုနာ ေစာင့္ၾကည့္ကုသေရးေကာ္မတီမွ ေန႔စဥ္ေစာင့္ၾကည့္ၿပီး ေဆးကုသမႈ႔မ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

မႏၲေလးရင္ခတ္သံ #AlinnMyay(အလင္းေျမ)
#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here