အေအေအဖွဲ့မှ ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦး ပြန်လွတ်

161

အေအေအဖွဲ့မှ ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦး ပြန်လွတ်

တပ်မတော်နှင့် AA အဖွဲ့တို့ ဆွေးနွေးမှုရလဒ်များကြောင့် AA အဖွဲ့မှ ၎င်းတို့ဖမ်းဆီး ထိန်းသိမ်းထားသည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦးနှင့် တပ်မတော်သားသုံးဦးတို့ကို တပ်မတော်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်းတွေ့ရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် တပ်မတော်နှင့် AA အဖွဲ့တို့ ဆွေးနွေးမှုရလဒ်များအရ AA အဖွဲ့မှ ၎င်းတို့ဖမ်းဆီးထိန်းသိမ်း ထားသည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦးနှင့် တပ်မတော်သားသုံးဦးတို့အား ရခိုင်ပြည်နယ် အတွင်း နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်စစ်ကြောင်းထံသို့ ယနေ့ မွန်းလွဲပိုင်းတွင် လာရောက်လွှဲပြောင်းပေးခဲ့ကြောင်း၊

၎င်းလွှတ်တော်ကိုယ်စားလှယ်များအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ဘေးကင်းလုံခြုံစွာ ဆက်လက်ခေါ်ဆောင်ပေးခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်းနှင့် သတင်းအပြည့်အစုံအား ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း/ဓာတ်ပုံ- တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ စာမျက်နှာ
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here