လူသတ် မီးရှို့ အလောင်းဖျောက်ဖျက်သည့် တရားခံများအား ဖမ်းဆီးရမိ

645

လူသတ် မီးရှို့ အလောင်းဖျောက်ဖျက်သည့် တရားခံများအား ဖမ်းဆီးရမိ

ဇင်းရဲကင်းစခန်းမှုး ဒုရဲအုပ် ဟိန်းဒေးထက်သည် ကန့်ဘလူမြို့မရဲစခန်း လူပျောက်အမှတ်စဉ် (၄/၂၀၂၀)မှ ပျောက်ဆုံးသူ ဦးကျော်မြင့်နှင့်ပတ်သက်၍ မသင်္ကာသတင်းရရှိသဖြင့် ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအုပ်စု၊ ရဲဘော်သင်္ချိုင်းတောတိုက်သို့ သွားရောက်စစ်ဆေးရာ ပျောက်ဆုံးသူ ဦးကျော်မြင့်နှင့် တဲနီးချင်းနေထိုင်သူတစ်ဦးမှ လွန်ခဲ့သော(၃)လခန့်က တောထဲ တွင် မီးသွေးဖုတ်သူ ဦးကျော်မြင့်နှင့် ၎င်း၏ဇနီးဖြစ်သူ မမြင့်ကြည်၊ သားဖြစ်သူ မောင်ပိန်ချူး၊ ချွေးမဖြစ်သူမခိုင်(ခ)မြင့်မြင့်ခိုင် မီးသွေးဖုတ်ရာတွင် ဝိုင်းကူလုပ်ကိုင်ပေးသည့် ဖိုးရွှေ တို့(၅)ဦး သည် ၁၀-၁၀-၂၀၂၀ ရက်နေ့ ၀၉၀၀ အချိန်ခန့် မီးသွေးဖိုသို့ ထွက်ခွာသွားခဲ့ပြီး ၁၂၀၀ အချိန် ခန့်ပြန်လာရာတွင် ဦးကျော်မြင့်မှာတဲသို့ ပြန်ပါမလာတော့ဘဲ ထိုနေ့မှစ၍ပျောက်ဆုံးနေ ကြောင်း စုံစမ်းသိရှိရသဖြင့် ဒုရဲအုပ် ဟိန်းဒေးထက်ဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ ဦးကျော်မြင့် နေထိုင်သည့် တဲတိုက်မှ မိုင်ဝက်ခန့်ဝေးသည့် မီးသွေးဖိုကျင်းသို့ သွားရောက်စုံစမ်း ခဲ့ရာမီးသွေးဖိုနှင့်(၂၅)ပေခန့်ကွာဝေးသည့် ဝါးရုံးပင်များအောက်တွင် လူအရိုးစုဟု ယူဆရသော မီးလောင်ထားသည့် အရိုးအပိုင်းအစအနည်းငယ် တွေ့ရှိရ၍ မမြင့်ကြည်၊ မောင်ပိန်ချူး၊ မခိုင်(ခ) မြင့်မြင့်ခိုင်နှင့် ဖိုးရွှေတို့(၄)ဦးအားစစ်မေးရာ ဦးကျော်မြင့်သည် အလုပ်မလုပ်ဘဲ ဇနီးနှင့်သားသမီးများအား အနိုင်အထက်ပြုကြောင်း၊

ဇနီးဖြစ်သူ မမြင့်ကြည်သည် မီးသွေးဖုတ် ရာတွင် ဝိုင်းကူလုပ်ပေးသည့် ဦးဖိုးရွှေနှင့် ဖောက်ပြန်နေသည်ကို ဦးကျော်မြင့်နှင့် တဲနီးချင်း နေသူတို့မှသိရှိရိပ်မိပြီး လင်မယားနှစ်ဦး မကြာခဏစကားများရန်ဖြစ်ကာ ဇနီးဖြစ်သူ မမြင့်ကြည်မှ မပေါင်းသင်းလို၍ ကြိုးဆွဲချသေဆုံးရန်ပြုလုပ်စဉ် ဖိုးရွှေနှင့် ပိန်ချူးတို့မှ တားမြစ် ခဲ့ရာ မမြင့်ကြည်မှ ခင်ပွန်းဖြစ်သူ ဦးကျော်မြင့်အား သတ်ပေးရန်ပြောသဖြင့် မမြင့်ကြည်၊ မောင်ပိန်ချူး၊ မခိုင်(ခ) မြင့်မြင့်ခိုင်နှင့် ဖိုးရွှေတို့(၄)ဦး တိုင်ပင်ခဲ့ကြပြီး ၁၀-၁၀- ၂၀၂၀ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် မီးသွေးဖော်ရန် ဦးကျော်မြင့်နှင့် ၎င်းတို့(၄)ဦး မီးသွေးဖိုသို့ အတူသွား ရောက်ကာ ဦးကျော်မြင့်အား အနက်(၇)ပေခန့်ရှိ မီးသွေးဖိုကျင်းအတွင်းဆင်းခိုင်းခဲ့ကြောင်း (၁၀)မိနစ်ခန့်အကြာ မမြင့်ကြည်မှ ခေတ္တနားရန်ပြောသဖြင့် ကျင်းပေါ်သို့တက်လာစဉ် ဖိုးရွှေမှ ဝါးခုတ်ဓါးမဖြင့် လည်ဂုတ်အား(၁)ချက်ခုတ်ခဲ့ရာ ပြတ်လုနီးပါးဖြစ်ကာ ကျင်းထဲသို့ပြန်ကျ သွားခဲ့ပြီး ရေသန့်ဗူးဖြင့်အသင့်ထည့်ယူလာသော ဓါတ်ဆီများလောင်း၍ ဆိုင်ကယ်ကျွတ်နှင့် မီးသွေးများအား ကိုယ်ပေါ်တင်ကာ အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊

ကျန်အရိုးအပိုင်း အစများအား မီးသွေးကျင်းပတ်ဝန်းကျင်ရှိ ဝါးရုံပင်များဘက်သို့ လွှင့်ပစ်ခဲ့ကြောင်း စစ်ဆေးဖော် ထုတ်ရရှိသဖြင့် ဓါးဖြင့်ခုတ်လူသတ်ပြီး အလောင်းအား ဓါတ်ဆီလောင်း၍ မီးရှို့ဖျောက်ဖျက်ခဲ့သူ မမြင့်ကြည်၊ မောင်ပိန်ချူး၊ မခိုင်(ခ) မြင့်မြင့်ခိုင်နှင့် ဖိုးရွှေတို့(၄)ဦးအား ကန့်ဘလူမြို့မရဲစခန်း (ပ)၂၃၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄/၂၀၁ ဖြင့် အမှုရေးဖွင့်အရေးယူဆောင်ရွက်ထားရှိ ပါသည်။

၂၃-၁၂-၂၀၂၀ ရက်နေ့ ၀၉၀၀ အချိန်ခန့်တွင် ဇင်းရဲကင်းစခန်းသို့ ဆင်းမကျေးရွာ၊ ကောလင်းမြို့နယ်နေသူ ဒေါ်လှဌေးရောက်ရှိလာပြီး ၎င်း၏မောင်ဖြစ်သူ ဇော်ထွန်း၊ ပေကုန်း (မ)ကျေးရွာ၊ ဇင်းကျေးရွာအုပ်စု၊ ကန့်ဘလူမြို့နယ်နေသူနှင့် အဆက်အသွယ်မရသည်မှာ တစ်လကျော်ပြီဖြစ်ကြောင်း၊ ၎င်းနေထိုင်သည့် ပေကုန်း(မ)ကျေးရွာတွင်လည်း စုံစမ်း၍မရ ကြောင်း၊

အင်တာနက်လူမှုကွန်ယက်တွင် ၎င်း၏မောင်ဖြစ်သူ ဇော်ထွန်း၏ဇနီး မိခိုင်(ခ) မြင့်မြင့်ခိုင်မှာ ရဲဘော်ဟောင်းသင်္ချိုင်းတဲတိုက်တွင် ဦးကျော်မြင့်အားသတ်သည့် တရားခံထဲတွင် ပါဝင်နေသည်ကိုသိရှိရ၍ ၎င်း၏မောင်ဖြစ်သူ ဇော်ထွန်းပျောက်ဆုံးနေမှုကိုလည်း သင်္ကာမကင်း ကြောင်း၊ ဇော်ထွန်းတွင် Candaအမျိုးအစား 125နီ/နက်ကြားဆိုင်ကယ်(၁)စီးနှင့် ဖုန်း(၁)လုံး ပါရှိကြောင်း လာရောက်အကြောင်းကြားသဖြင့် ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှူးကြီး အောင်ဆန်းမြင့်ထံသို့ ချက်ချင်းသတင်းပို့ခဲ့ရာ ခရိုင်ရဲတပ်ဖွဲ့မှုးမှ တိုင်းတပ်ဖွဲ့မှုး ရဲမှုးကြီး ဝင်းကြည်ထံသို့ ချက်ချင်းသတင်းပို့တင်ပြခဲ့သဖြင့် တိုင်းတပ်ဖွဲ့မှုးမှ ဒေါ်လှဌေး၏ အကြောင်း ကြားမှုအား ခရိုင်ရဲတပ်ဖွဲ့မှုးမှ အနီးကပ်ကြပ်မတ်၍ ချက်ချင်းစုံစမ်းဆောင်ရွက်ရန် ညွှန်ကြား ချက်အရ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီး အောင်ဆန်းမြင့်သည် ခရိုင်(မှု/နှိမ်)မှရဲအုပ် စိုးမင်းဌေး ဦးစီးအဖွဲ့၊ ကန့်ဘလူမြို့မရဲစခန်းမှုး ဒုရဲမှူး မြင့်အောင်ဦးစီးအဖွဲ့နှင့် ဇင်းရဲကင်းစခန်းမှုး ဒုရဲအုပ် ဟိန်းဒေးထက်ဦးစီးအဖွဲ့တို့အား ရွှေဘို-မြစ်ကြီးနားကားလမ်းရှိ ရဲဘော်ဟောင်းသင်္ချိုင်းတော တိုက်အတွင်းသို့ သက်သေများနှင့်အတူ သွားရောက်စုံစမ်းစေခဲ့ရာကန့်ဘလူမြို့မရဲစခန်း (ပ)၂၃/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄/၂၀၁ အမှုမှ တရားခံ ဖိုးရွှေသည် လွန်ခဲ့သော တစ်လခန့်က Canda အမျိုးအစား ဆိုင်ကယ်(၁)စီးအား တစ်သိန်းသုံးသောင်းကျပ်ဖြင့် ရဲဘော် ဟောင်းသင်္ချိုင်း တောတိုက်နေသူအမျိုးသမီးတစ်ဦးနေအိမ်သို့ ခေတ္တအလည်ရောက်နေသည့် ရွှေဘိုမြို့နေသူအမျိုးသားတစ်ဦးထံရောင်းချခဲ့ကြောင်း၊ ပိန်ချူး(ခ)ဇွဲထက်မြတ်ထံမှ သိမ်းဆည်းထားရှိသည့် Vivo အမျိုးအစား ရွှေအိုရောင်ကာဗာနှင့်ဖုန်းအား တရားခံ မိခိုင်(ခ) မြင့်မြင့်ခိုင်၏သားဖြစ်သူ သီဟစိုးအားပြသရာ ၎င်း၏ဖခင် ဇော်ထွန်း၏ဖုန်းဖြစ်ကြောင်း၊

ဇော်ထွန်းနှင့် မိခိုင်(ခ)မြင့်မြင့်ခိုင်တို့ နေထိုင်ခဲ့သည့်တဲအားမီးရှို့ထားကြောင်း စသည့် မသင်္ကာဖွယ်အချက်အလက်များအား စုံစမ်းသိရှိရသဖြင့် ခရိုင်ရဲတပ့်ဖွဲ့မှုးမှ တိုင်းတပ်ဖွဲ့မှုးထံတင်ပြခဲ့ရာ တိုင်းတပ်ဖွဲ့မှုးမှ အဆိုပါ မသင်္ကာဖွယ်အချက်အလက်များ အား မမစ(ကန့်ဘလူ)တွင် ချုပ်နှောင်ထားရှိသည့်(ပ)၂၃၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄/၂၀၁ အမှုမှ တရားခံများဖြစ်သည့် ဖိုးရွှေ၊ ပိန်ချူး(ခ)ဇွဲထက်မြတ်၊ မိခိုင်(ခ)မြင့်မြင့်ခိုင်၊ ဒေါ်မြင့်ကြည်တို့အား အသေးစိတ်တိုက်ဆိုင်စစ်ဆေးရန်ညွှန်ကြားခဲ့၍ ၎င်းနေ့ ၁၈၀၀ အချိန် တွင်ဖိုးရွှေ၊ ပိန်ချူး(ခ)ဇွဲထက်မြတ်၊ မိခိုင်(ခ)မြင့်မြင့်ခိုင်၊ ဒေါ်မြင့်ကြည် တို့အား အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၆-၁၁-၂၀၂၀ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ရဲဘော်ဟောင်း သင်္ချိုင်းတဲတိုက်နေ မိခိုင်(ခ)မြင့်မြင့်ခိုင်၏တဲသို့ ခင်ပွန်းဖြစ်သူ ဇော်ထွန်းရောက်ရှိလာကြောင်း၊ မိခိုင်(ခ)မြင့်မြင့်ခိုင်အား ပေကုန်း(မ)ကျေးရွာသို့ပြန်လည်လိုက်ပါရန် ခေါ်ယူခဲ့ရာတွင် မိခိုင်(ခ) မြင့်မြင့်ခိုင်မှာ ပိန်ချူး(ခ)ဇွဲထက်မြတ်နှင့် တရားမဝင်ပေါင်းသင်းနေထိုင်ခဲ့၍ ပြန်လည်လိုက်ပါ လိုမှုမရှိသဖြင့် ၉-၁၁-၂၀၂၀ ရက်နေ့ ၁၈၀၀ အချိန်တွင် ဦးကျော်မြင့်(သေဆုံး)၏ တောတိုက် တဲတွင် ဖိုးရွှေ၊ ပိန်ချူး(ခ)ဇွဲထက်မြတ်၊ မိခိုင်(ခ)မြင့်မြင့်ခိုင်၊ ဒေါ်မြင့်ကြည်တို့မှ ဇော်ထွန်းအား သတ်ပစ်ရန်တိုင်ပင်ခဲ့ကြပြီးနောက် ယင်းနေ့ ည(၈)နာရီခွဲ အချိန်ခန့်တွင် မိခိုင်(ခ)မြင့်မြင့်ခိုင်၏ တောတိုက်တဲတွင် ခါးနာနေသည့် ဇော်ထွန်းအား နှိပ်နယ်ပေးမည်ဟုပြောဆိုပြီး မှောက်လျက် အနေအထားဖြင့် ပိန်ချူး(ခ)ဇွဲထက်မြတ်နှင့် မိခိုင်(ခ)မြင့်မြင့်ခိုင်တို့မှ ခြေထောက်တစ်ဖက် စီအားလည်းကောင်း၊ ဒေါ်မြင့်ကြည်မှ ဝဲဘက်ပေါင်အား နှိပ်နယ်ပေးနေစဉ် ဖိုးရွှေမှ တဲအတွင်း ဝင်ရောက်လာပြီး ဇော်ထွန်း၏လည်ဂုတ်အား ဝါးခုတ်ဓားဖြင့် (၁)ချက်ခုတ်သတ်ခဲ့ကြောင်း၊ ဇော်ထွန်း၏အလောင်းအား သွေးများပေကျံနေသည့် စောင်၊ ခြင်ထောင်၊ ဖျာများဖြင့် လိပ်ကာ ကြိုးဖြင့်ချည်နှောင်ပြီး ပိန်ချူး(ခ)ဇွဲထက်မြတ်နှင့် ဖိုးရွှေတို့မှ အလောင်းအားထမ်းကာ မိခိုင် (ခ)မြင့်မြင့်ခိုင်နှင့် ဒေါ်မြင့်ကြည်တို့မှမီးပြ၍

တဲ၏အရှေ့မြောက် ကိုက်(၃၀၀)ခန့်အကွာရှိ လျှိုဘေးတွင်ရှိသော အကျယ်(၃)ပေ၊ အနက်(၃)ပေခန့်ရှိ မီးသွေးကျင်းထဲသို့ မြှုပ်နှံရာ အလောင်းမှာ မီးသွေးကျင်းနှင့်မဆံ့သဖြင့် ခါးနှင့်ခြေထောက်အား ဓားဖြင့်ထပ်မံခုတ်ခဲ့ပြီး မီသွေးကျင်းထဲသို့ထည့်ကာ မြှုပ်ခဲ့ကြောင်းနှင့် ၁၀-၁၁-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဇော်ထွန်းအား သတ်ခဲ့သည့်တဲအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၂၄-၁၂-၂ဝဝရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် ဥပဒေနှင့်အညီ အလောင်းအား တူးဖော်စစ်ဆေးရန် ကန့်ဘလူမြို့နယ် တရားသူကြီး၏ အလောင်းတူးဖော်ခွင့်ပြုမိန့်နှင့်အတူ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီး အောင်ဆန်းမြင့်၊ခရိုင်ဆရာဝန်ကြီး ဒေါက်တာနေမိုး၊ ကန့်ဘလူစခန်းမှုး ဒုရဲမှူး မြင့်အောင်၊ ဇင်းရဲကင်းစခန်းမှုး ဒုရဲအုပ် ဟိန်းဒေးထက်၊ သက်သေများတို့သည် တရားခံများဖြစ် သည့် ဖိုးရွှေ၊ ပိန်ချူး(ခ)ဇွဲထက်မြတ်၊ မိခိုင်(ခ)မြင့်မြင့်ခိုင်၊ ဒေါ်မြင့်ကြည်တို့နှင့်အတူ အခင်းဖြစ်တဲတိုက်အား ရောက်ရှိစစ်ဆေးခဲ့ရာ တဲတိုက်အားမီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိရပြီး ၎င်းမီးရှို့ထားသည့်နေရာအနီးမှ အရှည်(၆)ပေခန့်ရှိ ဝါးလုံး(၂)လုံးတွင် သွေးစ များစွန်းပေနေသည်ကိုတွေ့ရှိရ၍ အမှုဖြင့်သိမ်းဆည်းခဲ့ပြီး အလောင်းမြှုပ်ထားသည့်နေရာသို့ ဆက်လက်သွားရောက်ကာ တရားခံများပြသခဲ့သည့်နေရာအား တူးဖော်ခဲ့ရာ သေဆုံးသူ ဇော်ထွန်း၏အလောင်းအား ခြင်ထောင်၊ စောင်တို့ပတ်လျက်အနေအထားဖြင့် ပုပ်ပွလျက် တွေ့ရှိခဲ့ရပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာနေမိုးမှ ရရှိခဲ့သောဒဏ်ရာများအား အသေးစိတ် စစ်ဆေးခဲ့ကြောင်းနှင့်ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် သက်သေခံဝါးခုတ်ဓားအား အမှုဖြင့် ဆက်လက်သိမ်းဆည်းခဲ့ပါသည်။

သေဆုံးသူ ဇော်ထွန်းအား ဓားဖြင့် ခုတ်သတ်ပြီး အလောင်းအား မီးသွေးကျင်းထဲသို့ ထည့်၍ မြေမြှုပ်ကာအလောင်းအား ဖျောက်ဖျက်ခဲ့ကြသည့် ဇင်းကျေးရွာ၊ ရဲဘော်ဟောင်းသင်္ချိုင်း တောတိုက်နေသူများဖြစ်သော ဖိုးရွှေ၊ ပိန်ချူး(ခ)ဇွဲထက်မြတ်၊ မိခိုင်(ခ)မြင့်မြင့်ခိုင်၊ ဒေါ်မြင့်ကြည်တို့(၄)ဦးအား ကန့်ဘလူမြို့မရဲစခန်း(ပ)၂၃၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄/ ၂၀၁ဖြင့် ထပ်မံအမှုရေးဖွင့်ပြီး ကျန်ရှိသည့်သက်သေခံဆိုင်ကယ်အား သိမ်းဆည်း နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားခံများအား ထိရောက်သောပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိပါသည်။

သတင်း/ဓာတ်ပုံ – စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့

LEAVE A REPLY

Please enter your comment!
Please enter your name here