ပြွန်တန်ဆာမြို့တိုက်နယ်‌ဆေးရုံတွင် ထိုင်းနိုင်ငံက ပြန်လာသူ (၂)ဦး ကိုယ်အပူချိန်များ တက်နေ၍ သီးသန့်ဆောင်မှာ စောင့်ကြည့်နေရ

692

ပြွန်တန်ဆာမြို့တိုက်နယ်‌ဆေးရုံတွင် ထိုင်းနိုင်ငံက ပြန်လာသူ (၂)ဦး ကိုယ်အပူချိန်များ တက်နေ၍ သီးသန့်ဆောင်မှာ စောင့်ကြည့်နေရ

AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

ပဲခူးတိုင်းဒေသကြီး ပြွန်တန်ဆာမြို့တွင် ၂၀၂၀ မတ် ၂၄ ရက်က ပြွန်တန်ဆာမြို့တိုက်နယ်ဆေးရုံသို့ အသက်ရှူ လမ်းကြောင်းဆိုင်ရာအဆုတ်ရောင်ရောဂါ သံသယလူနာ (၁)ဦးရောက်ရှိလာသဖြင့် ပြွန်တန်ဆာတိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာ ကျော်စောဝင်းမောင်မှ ဆေးရုံဝင်းအတွင်းရှိ သီးသန့်ဆောင်မှာ ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးကာ စောင့်ကြပ်ကြည့်ရှုထားရှိကြောင်းသိရသည်။

အဆိုပါ အသက်ရှူလမ်းကြောင်းဆိုင်ရာအဆုတ်ရောင်ရောဂါ သံသယ စောင့်ကြည့်လူနာမှာ ပြွန်တန်ဆာ လှည်းဆိပ်ကျေးရွာ အုပ်စု၊ သဲကျောကျေးရွာနေ ဟိန်းဖြိုးလင်း(၃၃) နှစ်၊ ရွှေ့ပြောင်းအလုပ် သမားဖြစ်ပြီး ၂၀၂၀ မတ် ၂၃ ရက်နေ့က ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ်(၂)တံတားမှ ပြန်လည်ဝင်ရောက်လာကာ ဟိန်းဖြိုးလင်းသည် ထိုင်းနိုင်ငံ ဘိလပ်မြေစက်ရုံတွင် အလုပ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ချောင်းဆိုးသည့် ဝေဒနာအား လွန်ခဲ့သော (၁)လခန့်ကခံစားခဲ့ရ၍ နေအိမ်သို့ပြန်လည်ရောက်ရှိလာရာ ချောင်းဆိုးနေသဖြင့် ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ လာရောက် ပြသခြင်းဖြစ်‌ ကြောင်းဆေးရုံရောက်ရှိချိန်တွင် ဟိန်းဖြိုးလင်းသည် ကိုယ်အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက်ရှိပြီး တိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာ ကျော်စောဝင်းမောင်မှ ဟိန်းဖြိုးလင်း အား သံသယလူနာအဖြစ် စောင့်ကြည့်လျက်ရှိကြောင်းနှင့် ရောဂါပြင်းထန်လာပါက ဟိန်းဖြိုး လင်း အသုံးပြုခဲ့သည့် တို့ပတ်၊ နှာရည်များအား နမူနာများရယူကာ ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်း များ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

အလားတူပြွန်တန်ဆာ ချောင်းရင်းကျေးရွာ အုပ်စု၊ ကညင်နှစ်ပင်ကျေးရွာနေ ကျော်လင်းထွန်း၊ ၁၈နှစ်၊ရွှေ့ပြောင်းအ လုပ်သမားဖြစ်သူသည် ၂၀၂၀ မတ် ၁၂ ရက်နေ့တွင် ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ်(၂)တံတားမှ ပြန်လည်ဝင်ရောက်လာကာကျော်လင်းထွန်းသည် ၂၀၂၀ မတ် ၁၉ ရက်နေ့မှစ၍ နေအိမ်တွင် ဖျားနာခြင်း၊ အသက်ရှူကြပ်ခြင်းဝေဒနာများခံစားခဲ့ရသဖြင့် ပြွန်တန်ဆာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးခန်းတွင် ကုသရာမှမသက်သာသဖြင့် ပြွန်တန်ဆာဆေးရုံသို့ရောက်ရှိလာခြင်းဖြစ် ပြီး ဆေးရုံရောက်ရှိချိန်တွင် ကိုယ်အပူချိန်သည် ၉၈.၄ ဖာရင်ဟိုက်သာရှိပြီး တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာ ကျော်ဇောဝင်းမောင်မှကျော်လင်းထွန်းသည် ပြင်ပဆေးခန်းတွင် အဖျား ရောဂါပျောက်ဆေး ထိုးနှံထားသဖြင့် ကိုယ်အပူချိန်လျော့ နည်းခြင်းဖြစ်နိုင်သည်ဟု ယူဆကာ သံသယလူနာ အဖြစ်စောင့်ကြည့်လျက်ရှိကြောင်းနှင့် ကိုယ်အပူချိန်မြင့်မားလာပါက ကျော်လင်း ထွန်း အသုံးပြုခဲ့သည့် တို့ပတ်၊ နှာရည်များအား နမူနာများရယူကာ ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်း များ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ကိုမျိုး(ညောင်လေးပင်)#AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

ႁပြန္တန္ဆာၿမိဳ႕တိုက္နယ္‌ေဆး႐ုံတြင္ ထိုင္းနိုင္ငံက ျပန္လာသူ (၂)ဦး ကိုယ္အပူခ်ိန္မ်ား တက္ေန၍ သီးသန႔္ေဆာင္မွာ ေစာင့္ၾကည့္ေနရ

AlinnMyay(အလင္းေျမ) #ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

ပဲခူးတိုင္းေဒသႀကီး ႁပြန္တန္ဆာၿမိဳ႕တြင္ ၂၀၂၀ မတ္ ၂၄ ရက္က ႁပြန္တန္ဆာၿမိဳ႕တိုက္နယ္ေဆး႐ုံသို႔ အသက္ရႉ လမ္းေၾကာင္းဆိုင္ရာအဆုတ္ေရာင္ေရာဂါ သံသယလူနာ (၁)ဦးေရာက္ရွိလာသျဖင့္ ႁပြန္တန္ဆာတိုက္နယ္ေဆး႐ုံဆရာဝန္ ေဒါက္တာ ေက်ာ္ေစာဝင္းေမာင္မွ ေဆး႐ုံဝင္းအတြင္းရွိ သီးသန႔္ေဆာင္မွာ က်န္းမာေရးေစာင့္ေရွာက္ကုသမႈေပးကာ ေစာင့္ၾကပ္ၾကည့္ရႈထားရွိေၾကာင္းသိရသည္။

အဆိုပါ အသက္ရႉလမ္းေၾကာင္းဆိုင္ရာအဆုတ္ေရာင္ေရာဂါ သံသယ ေစာင့္ၾကည့္လူနာမွာ ႁပြန္တန္ဆာ လွည္းဆိပ္ေက်းရြာ အုပ္စု၊ သဲေက်ာေက်းရြာေန ဟိန္းၿဖိဳးလင္း(၃၃) ႏွစ္၊ ေရႊ႕ေျပာင္းအလုပ္ သမားျဖစ္ၿပီး ၂၀၂၀ မတ္ ၂၃ ရက္ေန႔က ထိုင္း-ျမန္မာခ်စ္ၾကည္ေရးအမွတ္(၂)တံတားမွ ျပန္လည္ဝင္ေရာက္လာကာ ဟိန္းၿဖိဳးလင္းသည္ ထိုင္းနိုင္ငံ ဘိလပ္ေျမစက္႐ုံတြင္ အလုပ္ လုပ္ကိုင္ခဲ့သူျဖစ္ၿပီး ေခ်ာင္းဆိုးသည့္ ေဝဒနာအား လြန္ခဲ့ေသာ (၁)လခန႔္ကခံစားခဲ့ရ၍ ေနအိမ္သို႔ျပန္လည္ေရာက္ရွိလာရာ ေခ်ာင္းဆိုးေနသျဖင့္ ႁပြန္တန္ဆာတိုက္နယ္ေဆး႐ုံသို႔ လာေရာက္ ျပသျခင္းျဖစ္‌ ေၾကာင္းေဆး႐ုံေရာက္ရွိခ်ိန္တြင္ ဟိန္းၿဖိဳးလင္းသည္ ကိုယ္အပူခ်ိန္ ၁၀၁ ဒီဂရီ ဖာရင္ဟိုက္ရွိၿပီး တိုက္နယ္ေဆး႐ုံဆရာဝန္ ေဒါက္တာ ေက်ာ္ေစာဝင္းေမာင္မွ ဟိန္းၿဖိဳးလင္း အား သံသယလူနာအျဖစ္ ေစာင့္ၾကည့္လ်က္ရွိေၾကာင္းႏွင့္ ေရာဂါျပင္းထန္လာပါက ဟိန္းၿဖိဳး လင္း အသုံးျပဳခဲ့သည့္ တို႔ပတ္၊ ႏွာရည္မ်ားအား နမူနာမ်ားရယူကာ ဓါတ္ခြဲစမ္းသပ္စစ္ေဆးျခင္း မ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရွိရသည္။

အလားတူႁပြန္တန္ဆာ ေခ်ာင္းရင္းေက်းရြာ အုပ္စု၊ ကညင္ႏွစ္ပင္ေက်းရြာေန ေက်ာ္လင္းထြန္း၊ ၁၈ႏွစ္၊ေရႊ႕ေျပာင္းအ လုပ္သမားျဖစ္သူသည္ ၂၀၂၀ မတ္ ၁၂ ရက္ေန႔တြင္ ထိုင္း-ျမန္မာခ်စ္ၾကည္ေရးအမွတ္(၂)တံတားမွ ျပန္လည္ဝင္ေရာက္လာကာေက်ာ္လင္းထြန္းသည္ ၂၀၂၀ မတ္ ၁၉ ရက္ေန႔မွစ၍ ေနအိမ္တြင္ ဖ်ားနာျခင္း၊ အသက္ရႉၾကပ္ျခင္းေဝဒနာမ်ားခံစားခဲ့ရသျဖင့္ ႁပြန္တန္ဆာၿမိဳ႕ေပၚရွိ ပုဂၢလိကေဆးခန္းတြင္ ကုသရာမွမသက္သာသျဖင့္ ႁပြန္တန္ဆာေဆး႐ုံသို႔ေရာက္ရွိလာျခင္းျဖစ္ ၿပီး ေဆး႐ုံေရာက္ရွိခ်ိန္တြင္ ကိုယ္အပူခ်ိန္သည္ ၉၈.၄ ဖာရင္ဟိုက္သာရွိၿပီး တိုက္နယ္ေဆး႐ုံ ဆရာဝန္ ေဒါက္တာ ေက်ာ္ေဇာဝင္းေမာင္မွေက်ာ္လင္းထြန္းသည္ ျပင္ပေဆးခန္းတြင္ အဖ်ား ေရာဂါေပ်ာက္ေဆး ထိုးႏွံထားသျဖင့္ ကိုယ္အပူခ်ိန္ေလ်ာ့ နည္းျခင္းျဖစ္နိုင္သည္ဟု ယူဆကာ သံသယလူနာ အျဖစ္ေစာင့္ၾကည့္လ်က္ရွိေၾကာင္းႏွင့္ ကိုယ္အပူခ်ိန္ျမင့္မားလာပါက ေက်ာ္လင္း ထြန္း အသုံးျပဳခဲ့သည့္ တို႔ပတ္၊ ႏွာရည္မ်ားအား နမူနာမ်ားရယူကာ ဓါတ္ခြဲစမ္းသပ္စစ္ေဆးျခင္း မ်ား ျပဳလုပ္သြားမည္ျဖစ္ ေၾကာင္း သိရသည္။

ကိုမ်ိဳး(ေညာင္ေလးပင္)#AlinnMyay(အလင္းေျမ)#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here