(၅)နှစ်အရွယ်ကလေးငယ် အသက်ခံရမှုတွင် တရာခံမှ ဘာ့ကြောင့် သတ်ခဲ့သလဲ

766

(၅)နှစ်အရွယ်ကလေးငယ် အသက်ခံရမှုတွင် တရာခံမှ ဘာ့ကြောင့် သတ်ခဲ့သလဲ

အောက်တိုဘာ(၂၈) AlinnMyay(အလင်းမြေ)

ရွှေတောင်မြို့တွင် ဖြစ်ပွားခဲ့သည့် (၅)နှစ်အရွယ်ကလေးငယ် အသက်ခံရမှုမှ တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲပမှ အခုလိုထုတ်ပြန်ဖော်ပြထားပါတယ်။

၁၈-၁၀-၂၀၂၀ ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ မကျီးပေါက်ကုန်း အုပ်စု၊ ကျောက်ဖူးကျေးရွာနေ မ—–၊ အသက် (၅)နှစ်ခန့်သည် တစ်ရွာတည်းနေ ကလေး အဖော်များနှင့် ကစားရာမှ ရေသောက် သွားစဉ် ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားသဖြင့် ၁၉-၁၀-၂၀၂၀ ရက်နေ့တွင် ရွှေတောင်မြို့မရဲစခန်း လူပျောက်အမှတ်စဉ် (၄/၂၀၂၀)ဖြင့် ရေးဖွင့်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များ၊ ကျေးရွာနေပြည်သူများမှ ပူးပေါင်း၍ လိုက်လံရှာဖွေခဲ့ကြောင်း၊

ထိုသို့ရှာဖွေစဉ် ၂၆-၁၀-၂၀၂၀ ရက်နေ့ ၁၃၄၀ အချိန် ရွှေတောင်မြို့၊ ကျောက်ဖူး ကျေးရွာနှင့် ကံသုံးဆင့်ကျေးရွာအကြား၊ ရွာချင်းဆက် ဒေသဖွံ့ဖြိုးရေး လမ်းနဘေး၊ လယ်ကွင်း အတွင်းရှိ စပါးပင်များပေါ်၌ ပျောက်ဆုံးသူအား မှောက်လျက် သေဆုံးနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှုရာ နဖူးရိုးကွဲကြေ ချိုင့်ဝင် ဒဏ်ရာဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရသဖြင့် ရွှေတောင်မြို့မရဲစခန်း (ပ)၃၇၁/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း၊

အမှုမှတရားခံအားအမြန်ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက် နှင့်အညီဆောင်ရွက်ခဲ့ပြီး ၂၆-၁၀-၂၀၂၀ ရက်နေ့တွင် အမှုမှ မသင်္ကာတရားခံ ကျောက်ဖူး ကုန်းကျေးရွာ နေ ခင်ဝင်း (၅၅)နှစ်အား ချုပ်ရီမာန်ယူ၍ အမှုဖြင့် စစ်ဆေးသည့်အခါ ၁၈-၁၀-၂၀၂၀ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် ခင်ဝင်းသည် ၎င်း၏ နေအိမ်တန်းလျားတွင် တစ်ဦးတည်း ဖုန်းကြည့်နေစဉ် အမှုမှ သေဆုံးသူအား ၎င်း၏နေအိမ်ခြံဝန်းအတွင်း အိမ်နောက်ဖေးဘက်သို့ ဝင်ရောက်သွားသည်ကို တွေ့ရှိရ ကြောင်း၊ ခင်ဝင်းမှကလေးအား သတ်ချင်စိတ်များဖြစ်ပေါ်လာသဖြင့် နောက်မှလိုက်၍ အိမ်အနောက် ဘက်ရှိ တလင်းတွင် ကလေးအား နောက်မှ လည်ပင်းကို ညှစ်ပြီး တလင်းမြေပြင်နှင့် ဦးခေါင်းအား (၃/၄)ချက်ခန့်စောင့်ခဲ့ရာ ကလေးမှာ အသက်မရှိတော့သည်ကို သိရှိရ၍ သေဆုံးသူအား တွေ့ရှိခဲ့သည့် နေရာသို့သွားရောက်ချထားခဲ့ပြီး နေအိမ်သို့ပြန်လာခဲ့ကြောင်း၊ ရွာတွင်ကလေးပျောက်၍ ရွာသူ/သား များမှ လိုက်ရှာနေသည်ကို သိရသဖြင့် ခင်ဝင်းမှာ ရွာမှ လူများနှင့်အတူ လိုက်လံရှာဖွေပေးခဲ့သည်မှာ ကလေးအလောင်း တွေ့သည့်နေ့အထိ ဖြစ်ကြောင်း၊ အသတ်ခံရသူ၏ မိဘများမှ လွန်ခဲ့သည့် ၃ လခန့် က ခင်ဝင်းထံမှ ငွေချေးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မကြာခဏ စကားများခဲ့ပြီး ထိုကိစ္စနှင့် ပတ်သက်၍ မကျေနပ်၍ သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားကြောင်း တွေ့ရပါသည်။

သတင်/ဓာတ်ပုံ-ပခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ FB
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here