Lock Down ကျနေသည့် ကျေးရွာများ စားသောက်ရေးခက်ခဲနေ

576

Lock Down ကျနေသည့် ကျေးရွာများ စားသောက်ရေးခက်ခဲနေ

သြဂုတ်(၃၁) AlinnMyay(အလင်းမြေ)

ရွာတန်းရှည် အပါအဝင် ဆင်ရွာကြီးကျေးရွာ ၊ ကျောင်းစုကျေးရွာ ၊ ရွှေလေးတောကျေးရွာ Lock Down ၁၄ ရက် ချထားခြင်း ဖြေလျော့ခြင်းမရှိသေးသောကြောင့် စားသောက်ရေး ခက်ခဲနေကြောင်း သိရသည် ။

လူနာအမှတ် ၆၀၆ နဲ့ ဆက်စပ်သူ ၃၄ ဦးအား စစ်ဆေးခဲ့ပြီးနောက် All Negative ဖြစ်ကြောင်း ဒီကနေ့ မနက်ပိုင်းက တောင်ငူမြိုနယ် Covid -19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကွပ်ကဲမှုရုံး page မှကြေငြာခဲ့ကြောင်းလည်းသိရသည် ။

အဆိုပါ Lock Down ကျနေသော ကျေးရွာအုပ်စုရှိ ပြည်သူများသည် အသွားအလာ ကန့်သတ်ထားသောကြောင့် စားသောက်ရေးအတွက် အခက်အခဲတွေနှင့် ရင်ဆိုင်နေရကြောင်းလည်း ယင်းကျေးရွာ ပြည်သူများထံမှသိရသည် ။

” စျေးလာရောင်းတဲ်သူလည်းမရှိကြောင်း စားသောက်စရာများ မှာယူရန်လဲ ခက်ခဲနေကြောင်း နေ့စားလုပ်သားများ အတွက် စားသောက်ရေးမှာ ပို၍ အခက်ခဲများစွာကြုံတွေ့နေရကြောင်း ” Lock Down မိနေသော ရွှေလေးတော ကျေးရွာသူ / ကျေးရွာသားများကဆိုသည် ။

ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်မှာ အခြေခံလူတန်းစားများအတွက် ၂သောင်းကျပ် ထောက်ပံ့ပေးမှု အား ရပ်/ကျေး အုပ်ချုပ်ရေးမှူးမှ ထုတ်ယူခဲ့ပြီးဖြစ်ကြောင်း ငွေရှိပေမယ့် ဝယ်စားစရာ စျေးသည်မရှိကြောင်း ၊ အခြေခံလူတန်းစားအပြင် အခြားသူများလည်း စားသောက်ရေး ခက်ခဲနေကြောင်း မည်သည့်အဖွဲ့အစည်း မှ လာရောက် ကူညီခြင်းမရှိကြောင်းလည်း အဆိုပါကျေးရွာသားများထံမှ သိရသည် ။

အဆိုပါ LOCK DOWN ကျနေသော ကျေးရွာအုပ်စုသည် တောင်ငူမြို့နယ် အနောက်ဆင်ကျေးရွာအုပ်စုဖြစ်ပြီး လူဦးရေ ၂၅ဝဝကျော် နေထိုင်ကြကြောင်းလည်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here