ရခိုင်ပြည်နယ်ရှိ တားမြစ်နယ်မြေအတွင်း လုံခြုံရေးစစ်သည်နှင့် လူငယ်တစ်ဦး အချင်းများမှုဖြစ်

602

ရခိုင်ပြည်နယ်ရှိ တားမြစ်နယ်မြေအတွင်း လုံခြုံရေးစစ်သည်နှင့် လူငယ်တစ်ဦး အချင်းများမှုဖြစ်

ရခိုင်ပြည်နယ်၊ အမ်းတပ်နယ်ရှိ တားမြစ်နယ်မြေအတွင်း လုံခြုံရေးစစ်သည်နှင့် လူငယ်တစ်ဦး လုံခြုံရေးကိစ္စ အချင်းချင်းနားလည်မှု လွဲမှားပြီး အချင်းများမှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ အမ်းတပ်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများသည် ဩဂုတ် ၂၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် တားမြစ်နယ်မြေ ဖြစ်သည့် ဟင်းရွက်ဆည်ဝင်ပေါက်လမ်းအနီး အရပ်သားတစ်ဦးအား တွေ့ရှိရသဖြင့် မေးမြန်းခဲ့ရာ ၎င်းသည် အမ်းမြို့နယ်၊ ပျဉ်းတောကျေးရွာနေ မောင်ညီညီစိုး  (ဘ) ဦးညီစိန် ဖြစ်ကြောင်း သိရှိရပြီး တားမြစ်နယ်မြေဖြစ်၍ လာရောက်ခြင်း မပြုရန် ပြောဆိုရာမှ မောင်ညီညီစိုး၏ အမူအရာအရ နားလည်မှုလွဲကာ အပြန်အလှန် စကားများခဲ့ပြီး ခိုက်ရန်ဖြစ်ပွားသဖြင့် မောင်ညီညီစိုး ၏ ဝဲဘက်ပါးတွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားတင်ပြထားသည်။

ထို့နောက်တွင် အဆိုပါဖြစ်စဉ်အား တပ်ရင်းမှတာဝန်ရှိသူများက သိရှိခဲ့ပြီး မောင်ညီညီစိုး နှင့် မိဘများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံ၍ တောင်းပန်စကားပြောကြားပြီး ဆေးဝါးကုသနိုင်ရန် ဆေးဝါးကုသနိုင်ရန် ပထမအကြိမ် ငွေကျပ် ၃ဝဝ၀၀ အား လည်းကောင်း၊ သြဂုတ် ၂၉ ရက်တွင် ထပ်မံ၍ ငွေကျပ် ၃၀၀၀၀၀ အားလည်းကောင်း ထောက်ပံ့ပေးခဲ့ပြီး လူငယ်သဘောသဘာဝအရ အချင်းချင်းနားလည်မှု လွဲမှားကာ အချင်းများမှုဖြစ်ပွားခဲ့ခြင်းသာဖြစ်ကြောင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သော စစ်သည်အားလည်း စစ်စည်းကမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် တားမြစ်နယ်မြေဖြစ်၍ နောင်ဝင်ရောက်မှုမရှိစေရေး ပြောဆိုကာ နှစ်ဦးနှစ်ဖက် နားလည်မှု ရရှိကျေအေးခဲ့ပြီးဖြစ်ကြောင်း သတင်းဖော်ပြချက်တွင် ဆက်လက်ဖော်ပြထားပါသည်။

အဆိုပါဖြစ်စဉ်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်မိသည့် စစ်သည်အား စစ်စည်းကမ်းနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

သတင်း/ဓာတ်ပုံ- တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here