ဗိုလ်ချုပ်ကြီးနေဝင်း၏မိသားစုမှ ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်သည်များအတွက် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်း

490

ဗိုလ်ချုပ်ကြီးနေဝင်း၏မိသားစုမှ ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်သည်များအတွက် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်း

တပ်မတော်ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးနေဝင်း၏မိသားစုမှ ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များအတွက် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာ ဖော်ပြချက်အရသိရသည်။

တပ်မတော်ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးနေဝင်း၏မိသားစုမှ ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များအတွက် လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ် ၂၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အရာရှိနှစ်ထပ်ရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ အခမ်းအနားတွင် တပ်မတော်ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးနေဝင်း၏မိသားစုဝင်များက အလှူငွေ ကျပ်သိန်း ၁၀၀ အားပေးအပ်လှူဒါန်းရာ အလှူငွေများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း/ဓာတ်ပုံ-တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here