သတိထားစရာ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် လူနာအမှတ် (၇၇၁)

715

သတိထားစရာ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် လူနာအမှတ် (၇၇၁)

(Case 771) လူနာဟာ ပြည်ပခရီးသွားရာဇဝင်လည်းမရှိ၊ အသွားအလာ ကန့်သတ်ထားရှိသူလည်း မဟုတ်ပဲ နိုင်ငံခြားသို့ သွားရောက်ရန် ကျန်းမာရေးစစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(၃၀-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ သတင်းထုတ်ပြန်ချက် ပိုးတွေ့ လူနားများရဲ့ အချက်အလက်ပြဇယားမှာ ဖော်ပြပါရှိပါတယ်။

ရောဂါပိုးရှိမှန်းမသိခင်မှာ အသွားအလာကန့်သတ်ထားရှိသူ မဟုတ်တဲ့အတွက် သူ့နှင့် နီးစပ် ပတ်ဝန်ကျင်အတွက်တော့ အထူးသတိထားစရာအခြေအနေဖြစ်လာပါတယ်။

ဘာ့ကြောင့်ပဲ ဖြစ်ဖြစ် အထူးအထူး သတိပြုကြပါ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုန်ပြန်ထားတဲ့ လိုက်နာရမည့်အချက်အလက်များကို အထူလိုက်နာ နေထိုင်ကြပါ။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(၃၀-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ သတင်းထုတ်ပြန်ချက်

၁။ (၃၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် –

– အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၇၀)ခု၊

– ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၄၁၉) ခုနှင့်

– ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၆၄) ခု

– စုစုပေါင်း (၁,၂၅၃)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ –

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိရပါသည်။

၂။ (၃၀-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၇၇၅) ဦးရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူအသစ် (၁) ဦး (Case-361) ရှိသဖြင့် ယနေ့အထိရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၅၂) ဦး ရှိပါသည်။ ၎င်းတို့အနက် (၃၄၇) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများ တွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၂၉-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၃၀-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၅၃) ဦးရှိပါသည်။

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

သတင်း/ဓာတ်ပုံ-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here