ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၆၁၆၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့် ကွင်းဆက်တရားခံများဖမ်းဆီးရမိ

644

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၆၁၆၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့် ကွင်းဆက်တရားခံများဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၆၁၆၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံများအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဖော်ပြထားသည်။

(တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းဖော်ပြချက်အပြည့်အစုံ)
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၆၁၆၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက် တရားခံများအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၈ ရက်နေ့ ၁၀၄၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ လားရှိုး-မန္တလေး သွား ကားလမ်းတွင် လားရှိုးဘက်မှ ပြင်ဦးလွင်ဘက်သို့ နမ္မတူမြို့နယ်၊ မိုင်းရယ်ကျေးရွာနေ စိုင်းရွှေလှ ၃၁ နှစ် မောင်းနှင် လာသည့် တွဲကားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ

ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၈.၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၁၆၀ )နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၃၁၅ အချိန် တွင် ချမ်းအေးသာဇံမြို့နယ်၊ ဝါခင်းကုန်းရပ်ကွက်နေ ဇော်လင်းအောင် ၄၁ နှစ်အား ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချော ကျေးရွာ၊ မန္တလေး-လားရှိုး သွားကားလမ်းတွင် မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ၁၃၃၀ အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊

ထုံးဘိုကျေးရွာလမ်းတွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ နေ ဇော်ဝင်း ၅၅ နှစ် အား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း၊ ၁၅၃၀ အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ တိုးကြီး ကုန်းကျေးရွာနေ မထွေးထွေးသန်း ၃၃ နှစ်အား ပုသိမ်ကြီးမြို့နယ်၊ ထုံးဘိုလမ်းတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ၁၅၄၅ အချိန်တွင် မန္တလေးမြို့၊ အောင်ပင်လယ်အဝိုင်းအနီးတွင် ချမ်းမြသာစည်မြို့နယ်၊ မဟာမြိုင် ရပ်ကွက်နေ ဒေါ်နန်းကြည်ကြည်ဝင်း ၄၇ နှစ်အား လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ၁၆၁၅ အချိန်တွင် မန္တလေးမြို့ရှိ —- ဟိုတယ်ဝင်းအတွင်း၌ တန့်ယန်းမြို့နယ်၊

နားငွေကျေးရွာနေ မနန်းဟွမ်ဦး ၃၅ နှစ်၊ သီပေါမြို့နယ်၊ ကုန်းမွန်ကျေးရွာနေသူများဖြစ်သည့် စိုင်းဌေးအောင် ၃၂ နှစ်နှင့် ဒေါ်နန်းငွေနု ၅၆ နှစ်တို့အား လက်ကိုင်ဖုန်း ၃ လုံးနှင့်လည်းကောင်း၊ ၂၂၀၀ အချိန်တွင် ပြင်ဦးလွင်မြို့၊ အနီးစခန်းနေ မနှင်းဟေမာန်ဝင်း ၃၂ နှစ်အား လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း၊ ဩဂုတ်လ ၂၉ ရက်နေ့ ၁၀၁၅ အချိန်တွင် ပြင်ဦးလွင်မြို့၊ အနီးစခန်းနေ ဒေါ်နိုင်ဇင်လေး(ခ)မချော ၄၀ နှစ်အား လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း၊

၁၆၀၀ အချိန်တွင် ပုပ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာနေ မစန်းစန်းအေး ၃၀ နှစ်အားလည်းကောင်း အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် ပြင်စာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေး ယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here