လမ်းပေါ်တွင် စကားများ ရန်ဖြစ်နေသူ (၂)ဦးအား စစ်ဆေးရာ WY ဆေးပြား (၂၀)ပြားဖမ်းဆီးရမိ

834

လမ်းပေါ်တွင် စကားများ ရန်ဖြစ်နေသူ ( ၂ )ဦးအား စစ်ဆေးရာ WY ဆေးပြား ( ၂၀ )ပြားဖမ်းဆီးရမိ

လမ်းပေါ်တွင် စကားများ ရန်ဖြစ်နေသော အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးထံ အား စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေး ( ၂၀ )ပြား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည် ။

တောင်ငူခရိုင် ၊ ဖြူးမြို့၊ သိမ်ကုန်း ရပ်ကွက် ၊ အောင်မင်္ဂလာ(၄ )လမ်းထောင့်တွင် သြဂုတ် ၂၉ ရက် ည ၉ နာရီဝန်းကျင်အချိန်တွင် အမျိုးသား ( ၁ )ဦး နှင့် အမျိုးသမီး ( ၁ )ဦး စကားများ ရန်ဖြစ်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖုန်းဆက်အကြောင်းကြားလာသောကြောင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ခဲ့ကြတာလည်းဖြစ်သည် ။

ယင်းသို့ သွားခဲ့ရာ အောင်မင်္ဂလာ ( ၄ )လမ်း နှင့် ( ၅ )လမ်းသို့သွားသော လမ်းသွယ်ထိပ်တွင် ဇာနည်လင်း (ခ ) ဝဝ ( ၃၂ )နှစ် ၊ ၂၂ လမ်း ၊ ဘူတာတောင်ရပ်ကွက် ၊ မဇင်မာဝေ ( ၂၅ )နှစ် ၊ သစ်ချောက်ခင်ကျေးရွာနေသူတို့အားတွေ့ရှိပြီး ၄င်းတို့အားရှာဖွေခဲ့ကြကြောင်းသိရသည်။

ယင်းသို့ရှာဖွေရာ ဇာနည်လင်း၏ ကိုယ်ပေါ်တွင် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ( ၂၀ )ပြား ၊ မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ် ပစ္စည်းများ နှင့် ငွေ ၁၅၂၀၀၀ ကျပ်အားသိမ်းဆည်းရမိပြီး ၊ မဇင်မာဝေ ကိုယ်ပေါ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ရဲမှတ်တမ်းများအရသိရသည် ။

အဆိုပါဖြစ်စဉ် နှင့် ပတ်သက်ပြီး ကွင်းဆက် စစ်ဆေးစုံစမ်းခြင်း နှင့် ၄င်းတို့ ( ၂ )ဦးအား ဖြူးမြို့မရဲစခန်းတွင် မယ( ပ ) ၉ /၂၀၂၀ မူး/ စိတ် ၁၆ ( ဂ )/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးထားကြောင်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here