အမြန်လမ်းမကြီး ဖထီးမြောင်တံတားဘေး မြေပြိုကျွံကျ

509

အမြန်လမ်းမကြီး ဖထီးမြောင်တံတားဘေး မြေပြိုကျွံကျ

29.8.2020 ရက်နေ့ 1420 အချိန်ခန့် အမြန်လမ်းမကြီးမိုင်တိုင်(၇၄/၅) နှင့် (၇၄/၆)အကြားဖထီးမြောင်တံတား (၂၀ ပေ)သည်ရေတိုက်စားမှုကြောင့်တံတား အလယ်(Median Wall)နှင့်ရန်ကုန်-နေပြည်တော်သွားလမ်းတံတားဘေး(Wing Wall) တို့မှမြေပြိုကျွံကျသွားခဲ့ကြောင်း အမြန်မလမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး သတင်းစာမျက်နှာ ဖော်ပြချက်အရသိရသည်။

အဆိုပါ မြေပြိုကျွံကျမှုနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနတံတားအထူးအဖွဲ့ (၁၀)နှင့်အမြန်လမ်းပြင်/ထိန်း အဖွဲ့တို့မှချက်ချင်းပြုပြင်ဆောင်ရွက်လျက်ရှိပြီး အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များအမြန်လမ်းမကြီးမီးသတ် တပ်ဖွဲ့ဝင်များမှဝိုင်ဝန်းကူညီဆောင်ရွက်ပေးခြင်း၊ ယာဉ်ကြောရှင်းလင်းခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရီးသွားပြည်သူများအနေဖြင့်ယာဉ်အန္တရာယ်/လမ်းအန္တရာယ်ကင်းရှင်းစွာဖြင့်လိုရာခရီးသို့အချိန်မီရောက်ရှိရေးဂရုပြုမောင်းနှင်ကြပါရန်တင်ပြထားပါသည်။

သတင်း/ဓာတ်ပုံ- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here