တောင်ငူမြို့နယ်မှ Positive လူနာ(၆၀၆)သည် (အ.ထ.က) ကျောင်းသူတစ်ဦးအပါအဝင် မိသားစုဝင် ၅ ဦးရှိသောအိမ်၌ ၄ ရက်ခန့် နေခဲ့ကြောင်းသိရ

1161

တောင်ငူမြို့နယ်မှ Positive လူနာ(၆၀၆)သည် (အ.ထ.က) ကျောင်းသူတစ်ဦးအပါအဝင် မိသားစုဝင် ၅ ဦးရှိသောအိမ်၌ ၄ ရက်ခန့် နေခဲ့ကြောင်းသိရ

သြဂုတ်(၂၈) AlinnMyay(အလင်းမြေ)

ယနေ့ (၂၈-၈-၂၀၂၀) ရက်နေ့၊ နံနက် (၉:၃၀) နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသော လူနာအမှတ်(၆၀၆) ၄၂ နှစ်အရွယ် အမျိုးသမီးသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်မှဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် တောင်ငူမြို့နယ် တွင် Covid -19 Positive လူနာတွေ့ရှိခဲ့သူနေထိုင်ရာ ကျေးရွာများနှင့် Q ဝင်ရာ နေရာများအား အသွားအလာ ကန့်သတ်ထားကြောင်းသိရသည်။ ယင်းလူနာသည် အသွားအလာ ကန့်သတ်ထားသူလည်းဖြစ်ပြီး ၄င်းတို့ ထားရှိရာ TTC Q ဋ္ဌာန နှင့် လမ်းများ ကိုလည်း အသွားအလာ ကန့်သတ်ထားကြောင်းသိရသည် ။

အဆိုပါ Positive လူနာ (၆၀၆)သည် စစ်တွေမြို့မှ တောင်ငူမြို့နယ် ရွာထန်းရှည်ကျေးရွာသို့ ၄င်း၏ မိသားစုထံလာရောက်လည်ပတ်သူတစ်ဦးဖြစ်ပြီး ၄ ရက်ခန့် နေထိုင်ထားကြောင်းလည်း သိရပါတယ်။ အဆိုပါ မိသားစုနေအိမ်တွင် “၂ လသားဝန်းကျင် အရွယ်ကလေးငယ် တစ်ဦးအပါအဝင် မိသားစု ၅ ဦး နှင့် အတူနေထိုင်ကြပြီး မိသားစုများထဲတွင် အ.ထ.က ကျောင်းသူ တစ်ဦးပါဝင်ကာ အ.ထ.က နတ်စင်ကုန်းကျောင်းတွင် ပညာသင်သည်”ဟုလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ထံမှ သိရပါတယ်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here