သိန်းတစ်သောင်းခွဲ ပေါက်သူမှ ဘုရားတည်ရန် အုတ်ရိုးတူးရာ ရှေးဟောင်းပစ္စည်းများတွေ့

855

သိန်းတစ်သောင်းခွဲ ပေါက်သူမှ ဘုရားတည်ရန် အုတ်ရိုးတူးရာ ရှေးဟောင်းပစ္စည်းများတွေ့

သြဂုတ်(၂၆) AlinnMyay(အလင်းမြေ)

စစ်ကိုင်းတိုင်းကနီမြို့နယ် ဝရာကျေးရွာနေ(၁၇) ကြိမ်မြောက် သိန်း (၁၅၀၀၀) ဆုပေါက်ခဲ့သူတို့က ဘုရားတည်ရန် အုတ်ရိုးတူးရာမှရှေးဟောင်းအမွေအနှစ်များ သြဂုတ်လ(၂၅)ရက်နေ့လည်ကတူးဖော်တွေ့ရှိကြောင်းသိရသည်။

“ဝရာကျေးရွာမှာ သမိုင်းဝင်ရွှေမုဌောဘုရားကြီးရဲ့မြောက်ဘက်ကပ်ရက်မှာ ဘုရားကုန်းကြီးရှိတယ်။သစ်ပင်တွေပေါက်နေတာကြာပြီ။ဦးဇင်းတို့ရွာက ၁၇ ကြိမ်မြောက်မှာ သိန်း၁၅ဝဝဝပေါက်တယ်။ပေါက်တဲ့ကိုသောင်းထိုက်ဦးတို့၊မဆုမြတ်မော်မောင်နှမတစ်စုကဒီရှေးဟောင်းဘုရားကြီးကိုပြင်မယ်ဆိုပြီး လုပ်တယ်။ဒီဝါတွင်းကိုတော့ အုတ်ရိုးတွေဖော်မယ်ပေါ့။ဝါကျွတ်မှပဲဘုရားတည်မယ်ပေါ့။ဒီနေ့မှာ ဘတ်ဟိုးကော်တယ်။ဒီနေ့လူတွေနဲ့အုတ်ရိုးတွေတူးရင်းနဲ့ရှေးဟောင်းပစ္စည်းတွေရှိခဲ့တာပါ”ဟု ဦးဇင်း ဦးဝေပုံကမိန့်ကြားသည်။

တွေ့ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ်များမှာ ရှေးဟောင်းဘုရားများ၊ကျောက်ဆင်းတုဘုရား၊စာများ၊အိုးများ၊ကြေးဆင်းတုများဖြစ်ပြီး မည်သို့စီမံဆောင်ရွက်မည်ကိုဆွေးနွေးတိုင်ပင်စဲဖြစ်ကြောင်းသိရသည်။

“ဘုရားတွေကတော့ လက်ကျိုးတာတွေရော၊ခေါင်းပြတ်တာတွေရော ပါတယ်။ စာတွေတော့ ပါတယ်။ တချို့ကတော့ အင်းဝခေတ်ကဟာလို့တော့ပြောတယ်။ သေချာမကြည့်ရသေးဘူး။ အရင်ရွှေမုဌောဘုရားကြီးတုန်းက ငလျင်လှုပ်တုန်းက ဓာတ်တော်တွေ့တယ်၊အဲဒါတွေလည်း ဘုရားထည့်တယ်။အခုတွေ့ဟာကလည်း ဌာပနာထဲထည့်ဖြစ်မယ်ထင်တယ်”ဟု ဆရာတော်ကမိန့်ကြားသည်။

ဓါတ်ပုံ- ဦးဝေ/ မျိုးဝင်းထွန်း (မုံရွာ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here