COVID-19 ရောဂါ ဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရန် ကျန်မာရေးနှင့်အားကစကားဝန်ကြီးဌန၏ သတိပေးနှိုးဆော်ချက်

556

COVID-19 ရောဂါ ဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရန် ကျန်မာရေးနှင့်အားကစကားဝန်ကြီးဌန၏ သတိပေးနှိုးဆော်ချက်

သြဂုတ်(၂၅) AlinnMyay(အလင်းမြေ)

COVID-19 ရောဂါ ဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရန် စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားမှုများရှိနေသော မြို့နယ်များ သို့/မှ ခရီးသွားလာမှုများရှိခဲ့ပါက သတင်းပေးပို့ကြပါရန် ကျန်မာရေးနှင့်အားကစကားဝန်ကြီးဌန မှ ယနေ့ သြဂုတ်လ (၂၅) ရက်နေ့ ညနေပိုင်းတွင် အောက်ပါအတိုင်း သတိပေးနှိုးဆော်ပန်ကြားလိုက်သည်။

မြန်မာနိုင်ငံတွင် (၂၅-၈-၂၀၂၀) ရက်နေ့၊ ည (၈:၃၀) နာရီအချိန်ထိ COVID-19 ဓာတ်ခွဲအတည်ပြု လူနာ (၅၀၄) ဦးရှိပြီး (၆) ဦးသေဆုံးခဲ့ပါသည်။

(၁၆-၈-၂၀၂၀) ရက်နေ့မှ (၂၅-၈-၂၀၂၀) ရက်နေ့၊ ည (၈:၃၀) နာရီအချိန်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် နေထိုင်သူများနှင့် စစ်တွေမြို့နယ် သို့/မှ ခရီးသွားလာသူများတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း (၁၁၀) ဦးရှိပြီ ဖြစ်ပါသည်။

COVID-19 ရောဂါ ကူးစက်ပျံ့နှံမှုကို အချိန်မီထိန်းချုပ်နိုင်ရန်နှင့် ရခိုင်ပြည်နယ် အပါအဝင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ထပ်မံကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများအနေဖြင့် (၁၀-၈-၂၀၂၀) ရက်နေ့မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါကူးစက် ဖြစ်ပွားမှုများရှိနေသော မြို့နယ်များ သို့/မှ ခရီးသွားလာမှုများရှိခဲ့ပါက ရောက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ နီးစပ်ရာကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။

သို့မှသာ မိမိတွင်ရောဂါကူးစက်မှုရှိပါက အချိန်မီကုသမှုခံယူနိုင်မည်ဖြစ်ပြီး မိမိမှတစ်ဆင့် မိမိ၏မိသားစုနှင့် နီးစပ်ရာများသို့ ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်မည်ဖြစ်ပါ၍ သတင်းပေးပို့ကာ ကျန်းမာရေးစစ်ဆေးမှုခံယူရန် တိုက်တွန်းနှိုးဆော်ပန်ကြားအပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

#Ministry_of_Health_and_Sports, #UnionMinisters_Message, #MoHS, #COVID19, #ကိုရိုနာဗိုင်းရပ်စ်
သတင်း/ဓာတ်ပုံ-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here