ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားခြင်း များပြားနေမှုနှင့် ပတ်သက်၍ အထူးအစည်းအဝေးပြုလုပ်

535

ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားခြင်း များပြားနေမှုနှင့် ပတ်သက်၍ အထူးအစည်းအဝေးပြုလုပ်

သြဂုတ်(၂၅) AlinnMyay(အလင်းမြေ)

ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားခြင်း များပြားနေမှုနှင့် ပတ်သက်၍ အထူးအစည်းအဝေးပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးထာနမှ သတင်းဖော်ပြထားပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ပြည်ထောင်စုဝန်ကြီးရုံးခန်း)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး) နှင့် တာဝန်ရှိသူများသည် ယနေ့၊ ည (၁၉:၃၀) နာရီ

အချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်း၌ “ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားခြင်း များပြားနေမှုနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆိုင်ရာ အသေးစိတ်အချက်အလက်များ” ကို ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး) တို့ထံသို့ ဆက်သွယ် အကြောင်းကြားခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သတင်းစာမျက်နှာတွင်ဖော်ပြထားပါသည်။

#Ministry_of_Health_and_Sports, #MoHS, #COVID19 #ကိုရိုနာဗိုင်းရပ်စ်
သတင်း/ဓာတ်ပုံ-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here