ငွေကျပ်သိန်း ၂၃၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

501

ငွေကျပ်သိန်း ၂၃၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

သြဂုတ်(၂၅) AlinnMyay(အလင်းမြေ)

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် ငွေကျပ်သိန်း ၂၃၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနသတင်းဖာ်ပြချက်အရသိရသည်။

သြဂုတ်လ ၂၃ ရက်နေ့ ၁၇၃၀ အချိန်တွင် အင်းတော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အင်းတော်မြို့နယ်၊ နဘားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ် များအား ရှာဖွေစစ်ဆေးနေစဉ် ရွှေဘိုမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာနေသူများ ဖြစ်သည့် သိန်းသား ၂၃ နှစ်မောင်းနှင်ပြီး ဂွန်းအောင် ၂၂ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၇၈၈၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၃၉၄၀ )၊ မြန်မာငွေ ၈၀၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အင်းတော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

သတင်း/ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာနသတင်းမှန်ပြန်ကြားရေး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here