ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူများအား ဆပ်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

378

ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူများအား ဆပ်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

သြဂုတ်(၂၅) AlinnMyay(အလင်းမြေ)

ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူများအား ဖမ်းဆီး အရေးယူ

ပြည်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေသူများအား တာဝန်ရှိသူများမှ ဒီကနေ့ သြဂုတ် ၂၅ ရက် မနက် ၁နာရီဝန်းကျင် အချိန်က ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည် ။

တောင်ငူမြို့ ၊ ၂၂ ရပ်ကွက် ၊ မင်းကြီးညို ဂါမဏိလမ်းနေ ဦးစိုင်းအောင်ဝင်း( ခ ) ကိုရှမ်း နှင့် ဦးမေအောင်တို့၏ နေအိမ်တွင် ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေကြောင်း တိုင်တန်းလာသောကြောင့် တောင်ငူခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ ခေါင်းဆောင်ကာ သက်သေများနှင့်အတူ ဖမ်းဆီးခဲ့ကြတာလည်းဖြစ်သည် ။

ယင်းသို့ ဖမ်းဆီးရာ ပြည်တန်ဆာ လုပ်ငန်း လာရောက်လုပ်ကိုင်သူ ဒေသ အသီးသီးမှ အမျိုးသမီး ( ၆ )ဦး ၊ ဧည့်ကြို အမျိုးသား ( ၂ ) ဦး နှင့် ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန် ပါဝင်သည့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်တန်ဆာ လုပ်ငန်းအား အကြိမ်ကြိမ်တိုင်တန်းခံနေရခြင်းဖြစ်ပြီး ပိုင်ရှင် ၂ ဦး ၊ ဧည့်ကြို ( ၂ ) ဦး ၊ ပြည်တန်ဆာအဖြစ် လုပ်ကိုင်နေသူ ( ၆ ) ဦး နှင့် ပတ်သက် ဆက်စပ် ပစ္စည်းအားလုံးကို ဖမ်းဆီး သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်ပြီး ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသူများအား တောင်ငူမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here