လေးစားဂုဏ်ယူဖွယ်ရာ ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ

797

“မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ ခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ

ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများသည် မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ ယနေ့ (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက်တွင် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့က သတင်းဖော်ပြထားသည်။

“မိမိဆန္ဒအလျောက်” ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်ကြမည့် –

• ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး (၁) ဦး၊

• ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊

• လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊

• လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊

• လက်ထောက်ဆရာဝန် (ရောဂါဗေဒ) (၁) ဦး၊

• လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) (၁) ဦး၊

• လက်ထောက်ဆရာဝန် (၁၃) ဦး၊

• သူနာပြုဆရာအုပ်ကြီး (၁) ဦး၊

• အထက်တန်းသူနာပြု (၁) ဦးနှင့်

• သူနာပြု (၁) ဦး တို့ဖြစ်ကြပြီး

၄င်းတို့ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး (ကူးစက်ရောဂါနှိမ်နင်းရေး) ဒေါက်တာဉာဏ်ဝင်းမြင့်၊ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်သို့သွားရောက် ကြိုဆိုခဲ့ကြောင်း

အဆိုပါ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကိုလည်း ပို့ဆောင်ခဲ့ကြောင်း သတင်းဖော်ပြချက်တွင် ဖော်ပြပါရှိပါသည်။

သတင်း/ဓာတ်ပုံ-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

LEAVE A REPLY

Please enter your comment!
Please enter your name here