ကော့မှူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် Orchid ဟိုတယ်​ပိုင်​ရှင်​ ဦး​ဌေးအောင်ကို နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု့ဖြင်​့ ဖမ်​းဆီး

742

ကော့မှူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် Orchid ဟိုတယ်​ပိုင်​ရှင်​ ဦး​ဌေးအောင်ကို နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု့ဖြင်​့ ဖမ်​းဆီး

ရန်​ကုန်​တိုင်​း​ဒေသကြီး၊ ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း Orchid ဟိုတယ်​ပိုင်​ရှင်​ ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် (ဩဂုတ် ၂၁ရက်) ညနေပိုင်းက ဖမ်​းဆီးခဲ့​ကြောင်​း သိရသည်။

ဦးဌေးအောင်သည် ၂၀၂ဝပြည့်နှစ် ​ရွေးကောက်ပွဲတွင် ကော့မှုးမြို့နယ်​မှပင်​ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည်​့ နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ကော်မရှင်မှတစ်ဆင့် ကန့်ကွက်လွှာတင်သွင်းခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအား နိုင်​ငံခြား အထောက်အပံ့ရယူခဲ့သည်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး စွပ်စွဲပြောဆိုခဲ့ဖူးသည်။ ထို့အပြင်လူမှုကွန်ယက်တွင် Live လွှင့်ပြောဆိုမှုများစွာရှိခဲ့သည်။

ဦး​ဌေး​အောင်​အား ပုဇွန်တောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲ ဆိုခြင်းဖြစ်ပြီး ဝရမ်​းဖြင်​့ ပုဇွန်တောင်မြို့မ ရဲစခန်းမှ ဖမ်​းဆီးခဲ့ခြင်​းဖြစ်​​ကြောင်​းသိရသည်​။

ဓာတ်​ပုံ- U Htay Aung’s FB

LEAVE A REPLY

Please enter your comment!
Please enter your name here