ရန်ကုန်-မန္တလေးအဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ဂျပန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များ စတင်ပို့ဆောင်

736

ရန်ကုန်-မန္တလေးအဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ဂျပန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များ စတင်ပို့ဆောင်

ရန်ကုန်-မန္တလေးအဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် လိုအပ်သည့် ဂျပန်နိုင်ငံထုတ် Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းသစ်များကို သြဂုတ်လ ၂၁ ရက်နေ့က ဂျပန်နိုင်ငံ နီဂတ ဆိပ်ကမ်းမှတဆင့် စတင်ပို့ဆောင်နေပြီဖြစ်ကြောင်း Jica Myanmar Office ဖေ့ဘုတ်စာမျက်နှာမှာဖော်ပြထားတယ်။

အဆိုပါ ရထားတွဲဆိုင်းသစ်များမှာ မြန်မာနိုင်ငံတွင် ပထမဆုံး အသုံးပြုမည့် တွဲဆိုင်းသစ်များဖြစ်ပြီး ထိုစီမံကိန်းမှတဆင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍပိုမိုတိုးတက်လာစေမှာဖြစ်ကြောင်း၊ ထို့အပြင် ပိုမိုခေတ်မှီသည့် ရထားပို့ဆောင်ရေးစနစ်သို့ ကူးပြောင်းနိုင်မည်သာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားတိုးတက်မှု အတွက်လည်း အထောက်အကူပြုစေမှာဖြစ်ကြောင်းကိုလည်း ဆက်လက်ဖော်ပြထားတာကို တွေ့ရတယ်။

သတင်း/ဓာတ်ပုံ-Jica Myanmar Office

LEAVE A REPLY

Please enter your comment!
Please enter your name here