လသာမြို့နယ်အတွင်း ရွှေဆိုင်မှ စိန်ထည်ဝယ်ယူရန်ဟန်ဆောင်၍ ခိုးယူသွားသူများကို အချိန်တိုအတွင်း ဖမ်းဆီးရမိ

196

လသာမြို့နယ်အတွင်း ရွှေဆိုင်မှ စိန်ထည်ဝယ်ယူရန်ဟန်ဆောင်၍ ခိုးယူသွားသူများကို အချိန်တိုအတွင်း ဖမ်းဆီးရမိ

(ပြည်ထဲရေးဝန်ကြီးဌာနသတင်းမှန်ပြန်ကြားရေး သတင်းဖော်ပြချက်အပြည့်အစုံ)

အမှုမှာ ၁၈.၈.၂၀၂၀ ရက်နေ့ ၁၃၂၀ အချိန်တွင် တရားလို ဦး—–သည် လသာမြို့နယ်ရှိ ဇွဲထက်စိန်ရွှေရတနာဆိုင်ခွဲ(၁၀)၌ အရောင်းမန်နေဂျာအဖြစ် ဆောင်ရွက်နေစဉ် အမည်မသိ အမျိုးသမီး တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဆိုင်အတွင်း ဝင်ရောက်လာပြီး စိန်ရွှေရတနာပစ္စည်း(၄)မျိုးအား ကြည့်ရှုလိုကြောင်း ပြောဆိုသဖြင့် ပြသခဲ့ကြေင်း၊ ၎င်းတို့(၂)ဦးမှ ထိုပစ္စည်း(၄)မျိုး၏ ဈေးနှုန်း အသေးစိတ်အား သိရှိလိုကြောင်း ပြောဆိုသဖြင့် စိန်ထည်ပစ္စည်း(၄)မျိုး စုစုပေါင်း ကာလတန်ဖိုး (၁၂,၆၉၀,၀၀၀)ကျပ်အား ကောင်တာပေါ်တွင်တင်ထားခဲ့ပြီး ၎င်းမှဆိုင်အတွင်းခန်းသို့ ဝင်ရောက်ခဲ့ ကြောင်း၊ ဆိုင်အတွင်းခန်းမှ ကောင်တာသို့ ပြန်လည်ရောက်ရှိစဉ် အဆိုပါ အမည်မသိ အမျိုးသားနှင့် အမျိုးသမီးတို့ မရှိတော့သဖြင့် ဆိုင်ရှိ CCTV မှတ်တမ်းအား ကြည့်ရှုရာ ၎င်းတို့(၂)ဦးမှ စိန်ထည်ပစ္စည်း (၄)မျိုးအား ယူဆောင်ထွက်သွားကြောင်း သိရှိရသဖြင့် လသာမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းမှုဖြစ် ပါသည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ လသာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် လသာမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် မျိုးမင်းဇော်နှင့် တပ်ဖွဲ့ဝင်များသည် တရားခံ အမြန်ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ ၁၈.၈.၂၀၂၀ ရက်နေ့ ၁၆၃၀ အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ တတိုင်းမွှေးလမ်းပေါ်တွင် မကေသွယ်အေး ကို သက်သေခံပစ္စည်း စိန်ထည်(၄)မျိုး(မူလပုံစံ မပျက်)နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ မကေသွယ်အေးအား စစ်မေးရာ ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်သူမှာ မြင့်ဇော် ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မကေသွယ်အေး ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here