ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

511

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

သြဂုတ်(၂၀) AlinnMyay(အလင်းမြေ)

(ပြန်ကြားရေးဝန်ကြီးဌာန သတင်းဖော်ပြချက်အပြည့်အစုံ)

ယူအေအီးနိုင်ငံ၊ အိုမန်နိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ရီယာဒ်မြို့၏ (၆) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အိုမန်မှ (၂၈) ဦး၊ ဘာရိန်းမှ (၁) ဦး၊ ယူအေအီးမှ (၈၂) ဦး၊ အီဂျစ်မှ (၉) ဦး၊ ဘယ်လ်ဂျီယံမှ (၄) ဦး၊ မော်လ်ဒိုက်မှ (၂) ဦး၊ အစ္စရေးမှ (၇) ဦး၊ ဘင်္ဂလားဒေ့ရှ်မှ (၃) ဦး၊ ဘရာဇီးလ်မှ (၁၀) ဦး၊ ပြင်သစ်မှ (၈) ဦး၊ စပိန်မှ (၂) ဦး၊ တောင်အာဖရိကမှ (၂) ဦး၊ ပနားမားမှ (၃) ဦး၊ နိုင်ဂျီးရီးယားမှ (၂) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁) ဦး၊ ဂျပူတီမှ (၁) ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၁၆၅) ဦး လိုက်ပါလာခဲ့ပါသည်။ အဆိုပါ မြန်မာနိုင်ငံ သားများအနေဖြင့် ယနေ့ (၂၁ ၃၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ ပါသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွား အလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့ပါသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားစုစုပေါင်း (၁၁,၅၇၇) ဦးအား မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရှိရပါသည်။

(သတင်းစဉ်) သတင်း/ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန (စာမျက်နှာ)

LEAVE A REPLY

Please enter your comment!
Please enter your name here